Pages - Menu

Pages

Saturday, April 28, 2012

မြန်မာ့ရိုးရာ နှစ်တစ်ရာပြက္ခဒိန်

ဒီကောင်လေးကတော့ နှစ်တစ်ရာပြက္ခ ဒိန်လေးဖြစ်ပါတယ်. ကျနော့်မိတ်ဆွေတယောက်တောင်း ထား လို့  တခြားသော ဘလော့ မိတ်ဆွေများလည်း မိမိတို့ ကွန်ပျူအတွင်းမှာ အမြဲတမ်းဆောင်ထား သင့်တယ် ထင်လို့  အသုံးပြုနိုင်စေရန် တင်ပေးရခြင်းဖြစ် ပါတယ်. 

အောက်မှာ download ယူနိုင်ပါတယ်...


နေမင်းခေတ် ဆိုဒ်မှ ရယူခဲ့သည်

Tuesday, April 17, 2012

Sky Net TV လိုင်းကြည့်လိုသူများအတွက်

ကျွန်တော် လည်း နေမကောင်း ဖြစ်သွားထဲက ဆိုဒ်နဲ့တော်တော်လေးကို အဆက်အသွယ် ပြတ်သွားတယ် .. လူကလည်း အဖျားတာရှည် သွားတော့ ဘာမှကို မလုပ်နိုင်တဲ့ အနေအထားမျိုး ဖြစ်သွားတော့ ဆိုဒ်ရေးဖို့တောင် ဦးမတည်နိုင်ဘူး ဖြစ်သွားလို့ပါ .. ဒီနေ့တော့ ကျွန်တော် အဝေးရောက် မြန်မာများအတွက် http://www.tvunetworks.com/ ကနေတစ်ဆင့် Sky Net Line ကို တိုက်ရိုက်ကြည့်လို့ ရမဲ့ နည်းလမ်းလေးကို ညီလေးတစ်ယောက် စီကနေ တစ်ဆင့်ရလို့ ပြန်ရှယ် ပေးသွားပါမယ် .. သိပြီးသားသူတွေ ရှိရင်ပဲ ဖြစ်ဖြစ် ဒီထက်ကောင်းတဲ့ အဆင်ပြေတဲ့ နည်းလမ်းလေးတွေ ရှိရင်ပဲ ဖြစ်ဖြစ် ပြန်ရှယ်ပေးခဲ့အုံး ပေါ့ဗျာ .. အားလုံးအတွက် အဆင်ပြေတာပေါ့ ... ကျွန်တော် တစ်ချို့ မသိသေးတဲ့ သူတွေအတွက် အသုံး ပြုလို့ အဆင်ပြေအောင် အောက်မှာ ပုံလေးတွေနဲ့ တစ်ဆင့်ချင်း ပြပေးထားပါတယ် .. စစချင်း မလာခင်တော့ နည်းနည်း စောင့်ရပါတယ် .. ကောင်နက်ရှင်ကြောင့်လားတော့ မပြောတက်ဘူး .. နောက်ပိုင်းလိုင်းလာပြီ ဆိုရင်တော့ ပုံမှန် ကြည့်နေရသလို အဆင်ပြေပြေ ကြည့်လို့ရတော့ အဆင်ပြေပါတယ် ..

Thursday, April 12, 2012

ဇွဲကပင် ပညာဒါနအသင်း အစည်းအဝေးကြီး အောင်မြင်စွာပြီးဆုံး

KDA 10th meeting at Bangkok (Edit)ဇန်န၀ါရီ ၈ရက်။ စောအဲခေါင် (ကေအိုင်စီ)
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အခြေစိုက် ဇွဲကပင်ပညာဒါနအသင်း(ကေဒီအေ) Karen Dana(Donation) Association-KDA ၏ ၁၀ကြိမ်မြောက် အစည်းအဝေးကြီးကို ဇန်န၀ါရီလ ၃ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်ဟု သိရသည်။
အဆိုပါအစည်းအဝေးကို ဘန်ကောက်မြို့၊ နွန်ထဘူရီရှိ ၀တ်နခွန်းအင်ကျောင်းတိုက်တွင် ကျင်းပခြင်းဖြစ်ပြီး မျိုးဆက်သစ်ကရင်လူ ငယ်များအတွက် ကရင်ပြည်တွင်းတွင် ပညာရေးဌာနတခု ပေါ်ထွန်းလာရန်နှင့် ပြည်ပတွင် ပညာသင်ကြားနေသည့် ကရင်ရဟန်း သံဃာများအား ပံ့ပိုးကူညီနိုင်ရန် ထိုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်သည်ဟု ကေဒီအေ တာဝန်ရှိသူတဦးက ကေအိုင်စီကို ပြော ဆိုသည်။

လောကနီတိ


  • သူယုတ်မာကို အချစ်မလွန်ရာ။
  • သူယုတ်မာသည် ထိပ်တင်ခေါင်းရွက် မြှောက်စားခံရသော်လည်း မချေမငံ ဆူဆူညံညံ ပြုတတ်၏။
  • Do not love the unvirtuous too much.
  • Even though praised highly, the wicked may act impolitely and boisterously.
  • မြွေသည် အမျက်လွန်၏။
  • မြွေထက် သူယုတ်မာသည် ပို၍ အမျက်လွန်၏။
  • မြွေကို မန္တာန်ဆေးဝါးဖြင့် ငြိမ်းစေနိုင်သော်လည်း သူယုတ်မာကို ငြိမ်းစေနိုင်သည့် ဆေးမရှိချေ။
  • The snake is extreme in anger.
  • The wicked is more furious than the snake.
  • Though the snake can be subdued by charm and drugs , there is no remedy for subduing of the wicked.

Tuesday, April 10, 2012

ဒေါ်အောင်ဆန်းစုကြည် Elie Wiesel ဆုရ

အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီ မြို့တော်မှာရှိတဲ့ Holocaust Memorial ပြတိုက်က မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နောက် သီတင်းပတ် ဗုဒ္ဓဟူး ဧပြီလ ၁၈ ရက်နေ့မှာ အဲလိ ဗီဇယ်လ် (Elie Wiesel) ဆုချီးမြှင့်ဖို့ရှိပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီရေး အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဆုတ်မနစ် စွန့်လွှတ် အနစ်နာခံ ဆောင်ရွက်မှုတွေအတွက် အခုလို ဆုချီးမြှင့်တာဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်စုံကို မခင်ဖြူထွေးက ပြောပြပေးပါမယ်ရှင်။

Monday, April 9, 2012

Bathing and Health ရေချိုးခြင်း


ရေချိုးခြင်းရဲ့ အကျိုးကျေးဇူးကို ရေးပါအုံးလားဆရာ။ ကိုယ်လုံးတီးရေချိုးတာနဲ့ ကျွန်တော်တို့တွေ သမားရိုးကျရေချိုးတာ ဘယ်လို ကွာခြားသလဲဆိုတာကိုလည်း သိချင်မိပါတယ်။

Bathing ကို ရေချိုးခြင်းလို့ အဓိပ္ပါယ်ပြန်ပါတယ်။ ပြည့်စုံအောင်ပြောရရင် ရေဖြစ်ဖြစ် အရည်နဲ့ဖြစ်ဖြစ် သန့်စင်-ဆေးကြော-ကုသပေးခြင်းလို့ ဆိုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ Personal hygiene တကိုယ်ရေ-သန့်ရှင်းရေး၊ Religious ritual ဘာသာရေးထုံးစံ၊ Therapeutic purposes ဆေးကုသနည်း နဲ့ Recreational activity အပန်းဖြေနည်းအဖြစ် သုံးကြလို့ပါ။ အသုံးမတူတော့ အခေါ်မတူကြဘူး။ Ritual religious bath ဘာသာရေးအရ လုပ်တာကို Immersion ခေါ်တယ်။ Therapeutic purposes ဆေးကုဘို့ လုပ်တာကို Hydrotherapy ခေါ်တယ်။
ရေချိုးစည်၊ ရေပန်း၊ ရေကန်၊ မြစ်-ချောင်း-အင်း-အိုင်-ပင်လယ် နေရာအမျိုးမျိုးမှာ ရေချိုးနိုင်ကြတယ်။ မိုးရေကို ချိုးတာလဲ ပျော်စရာလို့ သတ်မှတ်ကြတယ်။ မိတ်ပျောက်တယ်လို့ ယူဆတယ်။ မိုးရေက (အက်စစ်) ဓါတ် ကဲနေပါတယ်။ တကယ်လို့ ပတ်ဝန်းကျင် ညစ်ညမ်းနေရင် (အက်စစ်) မိုးဖြစ်နေမယ်။ (ဆာလ်ဖါ-ဒိုင်အောက်တိုက်)၊ (နိုက်ထရိုဂျင်-အောက်ဆိုဒ်) နဲ့ (အောက်စီဂျင်) တွေ ပေါင်းစပ်ရာကနေ (ဆာလ်ဖြူရစ်-အက်စစ်) ဖြစ်လာပြီး၊ မိုးရေထဲ၊ နှင်းထဲ၊ မြူထဲမှာပါနေမယ်။ အန္တရာယ်ရှိတယ်။

Sunday, April 8, 2012

CD or DVD Drive Missing (CD/DVD Drive မပေါ်တဲ့ပြဿနာ)ကို ဖြေရှင်းနည်း

ဟိုလုပ်ဒီလုပ်နဲ့ပို့စ်အသစ်တွေတောင်မတင်ဖြစ်တော့ဘူး။ အခုအသစ်တစ်ပုဒ်လောက်တင်လိုက်မယ်။ ဒီပြဿနာမျိုး
သည် ဖြေရှင်းနည်းများသူ့နည်းသူ့ဟန်နဲ့ရေးကြပြီးသားပါ။ ကျနော်တစ်ခြားဆိုက်တွေမှာတော်တော်များလိုက်ဖတ်
ပါတယ်။ တူညီတဲ့ဖြေရှင်းမှုတွေကိုပဲတွေ့တာများတယ်။ နောက်ပိုင်းစက်အသစ်သုံးလေးလောက်လုပ်ပေးပြီးမှ
ကျနော် ဒီပို့စ်ကိုရေးတာ။ ဥပမာ…window 7 အတွက်လဲ ဖြေရှင်းနည်းက Registry ထဲ UpperFilter/
LowerFilter ကီးတွေ ကိုဖျက်ပစ်ဖို့ ရေးပြတာများတယ်။ အခုကျနော် သိပ်မတွေ့ရသေးတဲ့ အသုံးလဲတည့်
တဲ့Window 7 အတွက် အထက်ပါပြဿနာမျိုး ဖြေရှင်းနိုင်အေင် နည်းလမ်းလေးထပ်ရှယ်ပေးလိုက်တယ်ဗျာ။
တစ်ခြား window os အတွက်လဲတစ်နေရာတည်း ဒီပြဿနာကိုအဖြေရနိုင်အောင် ဒီနေရာမှာတစ်စုတစ်စည်း
တည်းတင်ပြထားပါတယ်။

Tuesday, April 3, 2012

စာရိုက်နေတဲ့ကုဒ်ကလေးပါ

ဒီကုတ်လေးကတော့ မိမိစာမျက်နှာလေးပေါ်မှာ Type ရိုက်တဲ့ပုံစံလေးနဲ့ ပြချင်တယ်ဆိုရင် သုံးတယ်
ဒီနည်းပညာလေးကို KP3 မိသားစု မှနေတဆင့် ကူးယူဖော်ပြထားတာပါ။ KP3 မိသားစုကို ဒီကနေပဲ ခွင့်တောင်းလိုက်ပါတယ် ။

ဓာတ်ပုံ slide show လုပ်မယ့် ကုဒ်လေးပါ

ဓာတ်ပုံ slide show လုပ်မယ့် ကုဒ်လေးပါ


<div align=center>
<table width=400
border=0 align=center>
<tr>
<td>
<marquee width=400>
<img src=ဒီနေရာမှာ ဓာတ်ပုံ URL
ထည့်ပါ />
<img src=ဒီနေရာမှာ ဓာတ်ပုံ URL
ထည့်ပါ />
<img src=ဒီနေရာမှာ ဓာတ်ပုံ URL
ထည့်ပါ />
</marquee>
</td>
</tr>
</table>
</div>

Sunday, April 1, 2012

Screan Shot ယူနည်း




Screan Shot ယူနည်း

  ပထမဦးဆုံး အနေနဲ. scream shot ယူနည်းလေး ပြောပြမယ်။ ဘယ်နေရာမှာသုံးဖို.လဲဆိုရင် ဥပမာ အခု ကိုယ့်ကွန်ပြူတာမှာ မြင်နေရတဲ့ ပုံစုံမျိုးကို အွန်လိုင်းက အခြားသူငယ်ချင်း တစ်ယောက်ကို ပြချင်ပါတယ်ဆိုရင် မော်နီတာကြီးကို ဓါတ်ပုံရိုက်ပြီး ပို.စရာမလိုပါဘူး။ ဒါမျိုးလေး စမ်းလုပ်ကြည့်ပါ။ Ctrl + Print Screen Sys Rq ဆိုတဲ့ ကီးလေး နှစ်ခုကို နှိပ်လိုက်ရင် အခုလက်ရှိ မော်နီတာမှာ မြင်နေရတဲ့ မြင်ကွင်းကို ကော်ပီကူးလိုက်တဲ့ ပုံစံ ပါပဲ။ အဲဒီလို ကော်ပီကူးထားတဲ့ ပုံကို Paint ထဲမှာ သွားပြီး Paste လုပ်ပေးရပါမယ်။ Paint ကိုသွားဖို.ရာ start => Run => mspaint ဆိုပြီး Enter ခေါက်ပါ။ ပြီးရင် Ctrl + V ဆိုပြီး paste လုပ်ပါ။ ပြီးရင် Jpg ဖိုင်နဲ.သိမ်းလိုက်ပါ။

Microsoft Word ဖိုင်လေးတွေကို password နဲ. ပိတ်ထားချင်တယ်ဆိုရင်။

  Microsoft Word ဖိုင်လေးတွေကို password နဲ. ပိတ်ထားချင်တယ်ဆိုရင်။

ကိုယ်က password နဲ. သိမ်းချင်တဲ့ Microsoft word ဖိုင်ကိုဖွင့် ပြီးရင် File => Save as လို.ပြော။ Save as box ပေါ်လာရင် အဲဒီဘောက်လေးရဲ့ Title Bar ညာဘက်အောက်နားလေးမှာ Tools ဘေးက မျှားလေးကို ဖွင့်လိုက် Security Options.. ဆိုတာကိုရွေး။ password ကို ၄ ခါ ရိုက်ပေးရပါမယ်။ password ၂ မျိုးပေးထားလို.လဲရပါတယ်။

အရေးကြီးတဲ့ Folder ကို တခြားလူ ဖွင့်ကြည့်လို.မရ၊ Delete လုပ်လို.မရအောင်လုပ်ထားမယ်။


ကိုယ်ဆောက်ထားတဲ့ အရေးကြီးတဲ့ Folder ကို တခြားလူ ဖွင့်ကြည့်လို.မရ၊ Delete လုပ်လို.မရအောင်လုပ်ထားမယ်။


ပထမဦးဆုံး ကိုယ်လုပ်မယ့် ဖိုဒါက NTFS နဲ.ပိုင်းထားတဲ့ Partation ပေါ်မှာရှိရပါမယ်။ ပြီးရင် My Computer ကိုဖွင့်။ Menu Bar က View Tab ကို ၀င်ပါ။ ဟိုးအောက်ဆုံးစာကြောင်း Use sinple file sharing ( Recommended ) ဆိုတဲ့ ချက်ဘောက်လေးကို အမှန်ခြစ် ဖြုတ်ပေးထားရပါမယ်။ ပြီးရင် OK နဲ.ထွက်။ ကဲစမယ် ကိုယ်ရဲ့အရေးကြီးတဲ့ ဖိုဒါပေါ်မှာ ညာဘက်ကလစ်နှိပ် ။ Sharing and Security ဆိုတာကိုဝင်။ Security ဆိုတဲ့ Tab မှာ Advance ကို ကလစ်နှိပ်။ ပြီးရင် အောက်နားက Inherit from parent the permission entries that apply to child objects. Include these with explicitly defined here ဆိုတဲ့ နေရာမှာ အမှန်ခြစ်လေး ဖြုတ်ပေးရပါမယ်။ ပြီးရင် Remove လို.ပြော။ Apply ၊ OK ၊ OK ပေါ့။ ဒါဆို ကိုလုပ်ထားတဲ့ ဖိုဒါကို ဘယ်သူမှ ဖွင့်လို.လဲရမှာ မဟုတ်သလို Delete လဲလုပ်လို.ရမှာ မဟုတ်တော့ပါဘူး။
ကိုယ်က ပြန်ဖွင့်ချင်တယ် ဆိုရင်တော့ အဲဒီဖိုဒါပေါ်မှာ ညာဘက်ကလစ်ပြန်နှိပ် sharing and security ကိုဝင် ပြီးရင် Owner ဆိုတဲ့ Tab ကို သွားပါ။ Administrator ပေါ်မှာ select မှက်ပြီး Reblace owner in subcontainers and objects ဆိုတဲ့ စာကြောင်းမှာ အမှန်ခြစ်လေး ပြန်ထည့်ပေးရပါမယ်။ ပြီးရင်တော့ OK ပေါ့။ ဒါဆိုရင်တော့ ပြန်ဝင်လို.ရပါပြီ။

Task Manager ခေါ်လို့မရရင်

Task Manager ခေါ်လို့မရရင်

နောက်တခါ Task Manager ပျောက်နေတာလေး ပြန်ခေါ်ချင်တယ်ဆိုရင်တော့ Start => Run ထဲမှာ gpedit.msc ဆိုပြီး Enter ခေါက်။ Group Policy Editor ပေါ်လာလိမ့်မယ်။ အဲဒီမှာ User Configuration => Administrative Templates => system => Ctrl+Alt+Del Options မှာ select လုပ်လိုက်ရင် ညာဘက်ချမ်းမှာ Remove Task Manager ဆိုတာပေါ်မှာ ကလစ်နှစ်ချက်နှိပ် Disabled ဆိုတာကို ရွေးပေးပါ။ ပြီးရင် Apply ရယ် OK ရယ်ကိုနှိပ်ပေးပါ။ Group Policy ကိုပိတ်လိုက်ပါ။ အဲဒါမှ ပြန်မပေါ်သေးဘူးဆိုရင် ခုနကလမ်းကြောင်း အတိုင်းပြန်ဝင် Remove Task Manager ကိုရောက်ရင် ကလစ်နှစ်ချက်နှိပ်ပြီး Not configured ကိုပြန်ရွေးပေးရပါမယ်။ ဒါဆိုရင်တော့ ကျိန်းသေ ပြန်ပေါ်လာပါလိမ့်မယ်။

Registry Editor ခေါ်လို.မရရင်

Registry Editor ခေါ်လို.မရရင်

တကယ်လို.များ Run ထဲမှာ regedit လို.ရိုက်တာ Registry Editor ပေါ်မလာပဲ Error ကျလာပြီဆိုရင်တော့ Registry Editor ကို အန်နေဘယ် ပြန်လုပ်ပေးလို.ရပါတယ်။ ပြန်လုပ်ပေးဖို.ရာ။ Start => Run ထဲမှာ gpedit.msc ဆိုပြီး Enter ခေါက်။ Group Policy Editor ပေါ်လာလိမ့်မယ်။ အဲဒီမှာ User Configuration => Administrative Templates => system ဆိုတာပေါ်မှာ select မှက်လိုက်ရင် ညာဘက်ချမ်းမှာ Pervent Access to registry editing tools ပေါ်မှာ ကလစ်နှစ်ချက်နှိပ် ပါ။ Enabled ဆိုတာကိုရွေးပေးပါ။ Apply ရယ် OK ရယ်ကိုနှိပ်ပေးပါ။ Group Pokicy Editor ကိုပါပိတ်လိုက်ပါ။ အဲဒါမှာ Registry ကိုခေါ်လို.မရသေးဘူးဆိုရင် ခုနက လမ်းကြောင်းအတိုင်း ပြန်ဝင်ပြီး Enabled လို.ရွေးခဲ့တဲ့နေရာမှာ Not configured ဆိုတာကိုပြန်ရွေးပေးပါ။ ဒါဆိုရင်တော့ တကယ် Registry ပြန်ခေါ်လို. ရသွားပါလိမ့်မယ်။

Folder Option ရှာ မတွေ့ဘူး ရင်

Folder Option

ကျွန်တော်တို့ ကွန်ပျူတာတွေမှာ folder option ကို ရှာ မတွေ့ဘူး ဆိုရင် ပြန်ဖော်တဲ့နည်း လေး ကိုပြော ပါမယ့်။ အဲ့ဒီလို ပြန်ဖော် တဲ့ နည်းတွေ ကတော့ တစ်ယောက်နဲ့တစ်ယောက်တော့ မတူကြဘူးလို့ထင်ပါတယ်။ ကွာ ရင်တော့ နည်းနည်း ပဲ ကွာလိမ့်မယ်လို့ ထင်ပါတယ်။  အား လုံး  အဆင်ပြေကြရင် ကောင်းပါတယ်။ ပထမဆုံး လုပ်ရမှာကတော့ .
Start Menu => Run => အဲဒီ ဘောက်လေးပေါ်လာပြီဆိုရင် regedit လို.ရိုက်ပြီး Enter ခေါက်။ Registry Editor ပေါ်လာပါလိမ့်မယ်။ အဲဒီအခါမှာ ကျွန်တော်ပြောတဲ့ လမ်းကြောင်းအတိုင်း ဆက်သွားပါ။ Registry Editorထဲက My computer => HKEY_CURRENT_USER => software => Microsoft => windows => Current version => Policies => Explorer မှာ ညာဘက်ကလစ်နှိပ်ပြီး New => DWORD Value ဆိုတာကိုရွေးပေးပါ။ New value တစ်ခု ညာဘက်ချမ်းမှာ ပေါ်လာပါလိမ့်မယ်။ အဲဒီပေါ်မှာ ညာဘက်ကလစ်နှပ်ပြီး Modify ဆိုပြီးပြောပါ။ Value data မှာ 0 ဆိုရင် ရပါပြီ။ အဲဒါမှ Folder Option ပြန်မပေါ်လာသေးဘူး ဆိုရင် ၀င်းဒိုး Restart ချလိုက်ရင် ပြန်တက်လာတဲ့ အခါ Folder Option ကိုပြန်တွေ.ရပါလိမ့်မယ်။


မြန်မာ ၀ဘ်ဆိုဒ်များ

မြန်မာ အင်တာနက် ကြည့်တဲ့ ပရိတ်သတ်တွေ အတွက် အဆင်ပြေစေရန် မြန်မာ ၀က်ဆိုဒ် လေး တွေ ကို စုစည်း ပေးထားတာဖြစ် ပါတယ်။ ကိုယ်ကြည့်ချင်တဲ့ web site ကို Address bar မှာ ရိုက်စရာ မလိုပါဘူး။ ကိုယ်ကြည်ချင်တဲ့web site ပေါ်မှာ ကလစ်လေး နှစ်လိုက်ရုံပါပဲ။

1. www.planet.com.mm  (သတင်းလေးတွေစုံတယ်နော်)
2.www.people.com.mm (မဂ္ဂဇင်း စာအုပ်လေးနော်)
3.www.khitluneg.org.mm (ရွှေဈေး၊ဒေါ်လာဈေးတွေနဲ့ သတင်းစုံတွေ)
4.www.alpha.com.mm (ZawGyi Font လေးတွေယူရအောင်)
5.www.flashband.net (သီချင်းနဲ့ MTV လေးတွေနားထောင်မယ်)
6.www.myanmarmp3.net (သီချင်းတွေ ဒေါင်းမယ်၊နားထောင်မယ်)
7.www.myanmar-music.com(သီချင်းလေးတွေပါပဲ)
8.www.freemyanmarvcd.com(vcd လေးတွေကြည့်မယ်)
9.www.khayanpyareinmat.com(vcd လေးတွေကြည့်မယ်)

10.www.shwedream.com(vcd လေးတွေကြည့်မယ်)