Pages - Menu

Pages

Wednesday, May 23, 2012

မိန်းကလေး အစစ်လေလား လို့တောင်ထင်ရဖွယ်

တကယ်တော့ သူက စက်ရုပ်မလေး Geminoid F ပါ ။ သူက စကားလည်း ပြောတတ်သလို သီချင်းလည်း ဆိုတတ်ပါ တယ်။ သူများအသံတွေကိုလည်း လိုက်လုပ်တတ်ပါသေးတယ်။

ပြုံးကာ၊ ရယ်ကာနဲ့လည်း မျက်နှာ အမူအရာပေါင်း ၆၅ မျိုးကိုလည်း လုပ်တတ်ပါတယ်။ တကယ့်လူသားလေး လို အရမ်းတူနေတာကြောင့် သူ့ကို သက်ရှိ အရုပ်လေးလို့လည်း တင်စားထားပါတယ်။


ထူးထူးဆန်းဆန်း မြွေသဖွယ်အလား!

မြွေမလေးအလားတောင် အောင်းမေ့ရပါတယ်..တကယ့်ကိုပျော့ပျောင်းတဲ့သူလေးပါ
မကြည့်ဖူးသေးရင်ကြည့်ဖူးတယ်ရှိအောင်ပေါ့...

Englsih Writing Self-Study Vol.2



နဒီသံလွင်ဆိုဒ်မှရယူခဲ့ပါသည်။

Englsih Writing Self-Study Vol.3

ဆရာလွတ် English စာရေးနည်း



နဒီသံလွင်

Learning Premiere



နဒီသံလွင်မှ ရယူသည်။

လူဖြစ်ရခြင်း အဓိကရည်ရွယ်ချက်

ဆရာတော်အရှင်ဇ၀န ရေးသားထားသော စာအုပ်တစ်အုပ်ပါ...မည်သူမဆို ဖတ်သင့်တယ်ထင်လို့ ...ကျွန်တော်
ကိုယ်တိုင်လည်း အလွန် နှစ်ခြိုက်မိသောကြောင့် ဒီစာအုပ် လေးကိုမျှဝေလိုက်တာပါ..တစ်ချို့မေးလ်တွေထဲမှာ
လည်း ရှိကောင်းရှိနိုင်ပါတယ်...ပြန်လည်မျှဝေတာပါ.......အချိန်ပေးပြီးဖတ်နိုင်ကြပါစေ လို့ဆုတောင်းပါတယ်..



Human (Black Paper)

ညွန်း;;http://technology85.blogspot.com/

Saturday, May 19, 2012

DKBA ဒုတိယအကြိမ်သတင်းစာရှင်းလင်းပွဲ

ဗိုလ် ချုပ် နှုတ် ခမ်း မွေး ကို ဆု ငွေ ထုတ် မယ် ဆို ရင် ဗိုလ် ချုပ် ခင် ညွန့် (သို့) ဗိုလ် ချုပ် မှုး ကြီး သန်း ရွှေ ကို လဲ ဆု ငွေ ထုတ် မှ တ ရား မျှ တ ပါ လိမ့် မယ်။ နှိမ် လို့ ရ ရင် နှိမ် ချင် တဲ့ ထိုင်း ရဲ့ အောက် တန်း ကျ တဲ့ စိတ် ဓါတ် ဟာ ယုတ် ညံ့ အောက် တန်း ကျ ပါ တယ်။

Wednesday, May 16, 2012

Firefox Browser ကိုမြန်နှုန်းမြှင့်ကြမယ်

အင်တာနက်သုံးဖို့ စတင်လိုက်တာနဲ့ သင်ဟာ Mozilla fire fox ကိုပဲ ရွေးချယ်မယ်လို့ထင်ပါတယ်။ များပြားလှတဲ့ add on တွေနဲ့ အသုံးပြုရတာလွယ်ကူခြင်း၊ တခြား browser ထက်မြန်ဆန်ခြင်း၊ zawgyi font အတွက်လည်း အထူးတလည် ပြင်ဆင်စရာမလိုလို့ firefox ကိုသုံးစွဲကြတဲ့ လူများပါတယ်။
တခါတရံ သင့် မီးမြေခွေး (firefox) လေးက နှေးတုံ့တုံ့၊ ပေတေတေ ဖြစ်ပြီး အခန့်မသင့်ရင် နော့တ်ရီစပေါင်န်းတင်း ဖြစ်လို့ စိတ်လေခဲ့ရတာလဲ ကြုံဖူးမှာပေါ့။ အောက်မှာဖော်ပြထားတဲ့ နည်းအတိုင်း စမ်းကြည့်လိုက်ပါ။ ကော်ပီကူး၊ ပေ့စ်လုပ်၊ ကီးဘုတ်မှာ နဲနဲပါးပါး ဂျောက်ဂျက်ဂျောက်ဂျက်ရိုက်ပြီးတာနဲ့ သင့် မီးမြေခွေးလေးဟာ အရင်ကထက် မြန်ဆန်သွက်လက်လာတာကို ခံစားရပါလိမ့်မယ်။

၁။ ပထမဆုံး firefox browser ကိုဖွင့်လိုက်ပါ။ www. လို့ရိုက်ရတဲ့ address bar မှာ about:config ကိုရိုက်ပြီး(မရိုက်ချင်ရင်တော့.ကျွန်တော့လိုပဲ ကော်ပီကူးပေါ့ဗျာ..:P ) enter ခေါက်လိုက်ပါ။

Tuesday, May 15, 2012

iPhone မှာ မြန်မာဖောင့် ထည့်သွင်းနည်း

iPhone မှာ မြန်မာဖောင့် ထည့်သွင်းနည်း

အောက်ပါ ဆောင်ရွက်ချက်များသည် သင့် iPhone/ iPod Touch တို့အား အဆင်မပြေပါက itune ကနေ restore ပြန်လုပ်ကောင်းလုပ်ရပါလိမ့်မည်။ ထို့ကြောင့် backup လုပ်ထားရန်လိုအပ်ပါသည်။ System ပိုင်းဆိုင်ရာများကို ပြင်ထားတာကြောင့် ဖြစ်ပေါ်လာသော တစ်စုံတစ်ခု ပြဿနာများကို လုံးဝ တာဝန်ယူမည်မဟုတ်ပါ။

Saturday, May 12, 2012

Window Lock Shortcut လုပ်နည်း

မိမိတို့ရဲ့ Desktop ပေါ်မှာ Lock ချတဲ့ Shortcut လေး တစ်ခုလောက် လုပ်ကြရအောင်။ လုပ်နည်းလေးကတော့ အောက်ကအတိုင်းပါပဲ။

ပထမအဆင့်

၁ Desktop ပေါ်မှာ Right Click လုပ်။ New မှ Shortcut ကို ရွေး။
၂ Shortcut Wizard Box ပေါ်လာရင် အောက်က ကုဒ်တွေကို ကူးထည့်လိုက်။

%windir%\System32\rundll32.exe user32.dll,LockWorkStation

၃ ပြီးရင် Next ။ ဖိုင်နာမည်ကို Lock လို့ ပေးလိုက်ပါ။ Finish ။

လက်ချောင်းပေါ်ကလက်စွပ်များ

လက်တစ်ချောင်းစီပေါ် ဝတ်ဆင်ထားတဲ့လက်စွပ်တွေမှာ မတူတဲ့အဓိပ္ပာယ်တွေရှိသတဲ့။ ပြောကြားချက်အရ ဘယ်ဖက်လက်သူကြွယ်မှာရှိတဲ့ သွေးကြောတစ်ချောင်းက နှလုံးသားနဲ့ဆက်သွယ်ထားတယ်။ ဒါကြောင့် မင်္ဂလာဆောင်တဲ့အခါ မင်္ဂလာဇနီးမောင်နှံက လက်ထပ်လက်စွပ်ကို ဘယ်ဖက်လက်သူကြွယ်မှာ ဝတ်ဆင်ပေးကြတယ်လို့ ဆိုပါတယ်။ အင်တာနက်ပေါ်မှာဖတ်ရတဲ့ လက်စွပ်ဝတ်ဆင်ပုံအကြောင်းကို ဘာသာပြန်မျှဝေလိုက်ပါတယ်။

လက်စွပ်ဝတ်ဆင်တဲ့ ဘယ်ဖက်လက်နဲ့ ညာဖက်လက်ရဲ့ အဓိပ္ပာယ်တွေက....

ညာဖက်လက်သန်း ---------- ချစ်သူ ရည်းစားမထားချင်ပါ
ညာဖက်လက်သူကြွယ် ------ ချစ်ကြိုက်နေတယ်။
ညာဖက်လက်ခလယ် ------- ပိုင်ရှင်ရှိတယ်
ညာဖက်လက်ညှိုး ---------- တစ်ကိုယ်ရေတစ်ကာယ

ဘယ်ဖက်လက်သန်း ------------ အိမ်ထောင်မပြုပါ
ဘယ်ဖက်လက်သူကြွယ် -------- လက်ထပ်ပြီး
ဘယ်ဖက်လက်ခလယ် --------- စေ့စပ်ထားတယ်
ဘယ်ဖက်လက်ညှိုး ------------ အိပ်ထောင်မပြုရသေးပါ



Friday, May 11, 2012

ကွန်ပြူတာ နှေးကွေးနေတာကိုမြန်အောင်လုပ်မယ်

ကွန်ပြူတာ အလုပ်လုပ်တာ နှေးကွေးနေရင် ..တော်တော် စိတ်တိုဖို့ ကောင်းပါတယ် ..ဘယ်သူမှလဲ

အကြာကြီးထိုင်စောင့်နေရတာကို နှစ်သက်မှာ မဟုတ်ပါဘူး ..

ခုဒီနည်းလေးကို သုံးကြည့်ပေါ့ ကွန်ပြူတာ သိသိသာသာ ပိုပြန်လာတာတွေ့ ရမှာပါ ကွန်နက်ရှင် နှေးတာနဲ့ တော့မဆိုင်ပါဘူး ၊ ကွန်ပြူတာ အလုပ်လုပ်တာ နှေးတာကိုပဲပြောတာနော်
နည်းလမ်းကတော့
၁ -My Computer ကိုရိုက် (ယာ)ကလင့်ပေးလိုက်ပါ ...၊၊ ၀င်းဒိုးလေးပေါ်လာပါလိမ့်မယ်
၂- အဲဒီထဲက Properties ကိုနိုပ်ပေးလိုက်ပါ အောက်က ပုံလေးအတိုင်းပေါ် လာပါလိမ့် မယ်


ပြီးရင် change settings ကိုနိုပ်လိုက်ပါ
အောက်က ပုံအတိုင်းထပ်ပေါ်လာပါလိမ့်မယ်

ကွန်ပြူတာ အဖွင့်/အပိတ် windows အလုပ်လုပ်တာ မြန်အောင်လုပ်မယ်

ကွန်ပြူတာ ဖွင့်တာကြာနေသူများ နှင့် ကွန်ပြူတာ မြန်မြန် ဖွင့် ၊ ပိတ် လုပ်ချင်သူတွေအတွက်ပါခင်ဗျာ.....
တချို့ ကွန်ပြူတာတွေဟာ စက်ဖွင့်လိုက်ပြီဆိုတာ နဲ့ ဝင်းဒိုးပွင့် ဖို့ အရေး မိနစ် ၃၀ လောက် ထိုင်စောင့်နေရပါတယ် ... အဲဒီလို အချိန်အကြာကြီးထိုင်စောင့် နေခြင်းမှ အနည်းငယ် သက်သာသွားစေဖို့  ခုဒီနည်းလေးကို သုံးလိုက်ပေါ့နော် ... ဒီနည်းက ကွန်ပြူတာ နှေးနေတာကို မြန်အောင်လုပ်မပေးနိုင်ပါဘူး .. ကွန်ပြူတာ အဖွင့်အပိတ် မြန်အောင်လုပ်နည်းလေးပါ.... ကွန်ပြူတာ အလုပ်လုပ် တာနှေးနေတာကိုမြန်အောင်လုပ်နည်းကို ဒီနေရာလေးမှာတင်ပေးထားပါတယ်
အသုံးပြုပုံကို ပုံနဲ့ တကွ အသေးစိပ် ဖော်ပြပေးလိုက်ပါတယ်

ဒါကတော့ Flash ဖိုင်တွေကိုစာမျက်နှာမှာတင်မယ့် ကုတ်လေးပါ

မိမိဆိုဒ်မှာFlash သီချင်းနားထောင်ချင်ရင်အဆင်ပြေတယ်

<embed
src=" ဒီနေရာမှာ *.swf
ဖိုင်ရှိတဲ့လင့်လေးထည့်ပေါ့ " ="" wmode="transparent"
allowfullscreen="true" allowscriptaccess="always"
height="300" width="460">

အပြာရောင်နဲ့ပြထားတဲ့နေရာမှာ *.swf ဖိုင်လင့်ကိုထည့်ရမှာဖြစ်ပါတယ်။
အနီရောင် တွေနေရာမှာတော့လိုတဲ့ အရွယ်အစားကို
အစားထိုးပြောင်းလို့ရပါတယ်။

ကွန်ပျူတာ လက်ဝယ်ရှိသူများ သိသင့်သောအချက်လေးတချို့

Micorsoft Word မှာ ပုံတွေထည့်ပြီးရင် ကိုယ့်စိတ်ကြိုက် လှည့်ပြောင်းဖို.ရာ။
မိုက်ကရိုဆော့ဝက် စာမျက်နှာပေါ်သို. ဓါတ်ပုံ ကိုအရင်ထည့်ပါ။ ပြီးရင် Tools Tab ထဲက Customize ထဲကိုဝင်ပါ။ Dialog Box ကျလာရင် Commands Tab ကိုသွားပါ။ Categories ဆိုတဲ့ အောက်မှာ Drawing ကို select မှက်ပြီး ညာဘက်ခြမ်းမှာ Disassemble ဆိုတဲ့ စာလေးပေါ်မှာ ကလစ်ကိုဖိနှိပ်ထားပြီး Drawing Tool Box ထဲသို.ဆွဲ ပြီးသွားထည့်ပါ က Disassemble Picture ဆိုတဲ့ Button လေး Tool လေး Drawing Tool Box ထဲ ရောက်သွားပါလိမ့်မယ်။ ပြီးရင် ဓါတ်ပုံပေါ်မှာ ကလစ်တစ်ချက်နှိပ်ပြီး ခုကထည်.လိုက်တဲ့ Drawing Tools box ထဲက Disassemble Picture ဆိုတဲ့ button ဒေါင့်လေးကို ကလစ်နှိပ်ပြီး ဓါတ်ပုံကို စိတ်ကြိုက်လှည့် နိုင်သွားပါပြီ။ အဆင်ပြေပါစေဗျာ။

စက်ကို နည်းနည်းလောက် ပေါ့သွားအေင်လို.။
Hibernate ဆိုတာသိတယ်မလား။ အဲဒီ Hibernate ဆိုတဲ့ ဟာကို Disable လုပ်ထားလိုက်ရင် ကွန်ပြူတာနဲနဲလောက်တော့ ပေါ့သွားလိမ့်မယ်။ Hibernate ကို Disable လုပ်ဖို.ရာ။ Start => Control Panel => Power Options ထဲမှာ Hibernate Tab ကိုဝင်ပြီး Enable Hibernate မှာ အမှန်ခြစ်လေး ဖြုတ်ပေးပြီး Apply, OK နဲ. ထွက်ပေးလိုက်ပါ။

Tuesday, May 8, 2012

Myanmar Mobile Dictionary

ရှာဖွေစုစည်းပြီးတင်ပေးလိုက်ပါတယ် ကောင်းမယ်ထင်တဲ့ဟာတွေကို မူရင်းလင့်တွေမှာသွားကြည့်ပြီးဒေါင်းကြပေါ့နော် သား ကတော့ လိုက်ချင်တော့ဖူး ခြေတော် ညောင်းလို့  ဟီးးးး.....ဟီးးးး..... DEFINED:Mobile Snapshotဒီကောင်လေးကိုဒီနေရာမှာ သွားကြည့်ပြီးဒေါင်းလိုက်နော်
ဒေါင်းရမဲ့ လင့်က ဒီမှာနော် ရှာမတွေ့ ဘူးပြောနေမှာစိုးလို့  ခိခိ
+++++++++++++++++++++++++++++++++++++++++


နောက်တစ်မျိုး က Download Myanmar Dictionary Toolbar Free download! Get instant dictionary, access with our Firefox browser Tools and IE Tools.
တဲ့  ဒီနေရာလေးမှာ သွားလိုက်နော်
++++++++++++++++++++++++++++++++++++++++++
နောက်ထပ်တစ်မျိုးက  Mystery Zillion Mobile Dictionary တဲ့

Mystery Zillion English Myanmar Mobile Phone Dictionary   ဒီဟာလေးကိုတော့
ဒီနေရာမှာ သွားကြည့်ရင်း ဆွဲလိုက်နော်  မြန်မာ ၃ ဖောင့်နဲ့ ရေးထားလေရဲ့ 
++++++++++++++++++++++++++++++++++++++++++++++++++++
နောက်ထပ် Ornagai {English ~ Myanmar Dictionary} တဲ့ ဒီဟာကိုတော့ သားသုံးနေတယ် ကြိုက်ပါတယ်
Ornagai ~ English - Myanmar Dictionary

Ornagai on StarDictဒီဟာလေးကိုတော့
ဒီနေရာမှာ သွားယူလိုက်နော်..
+++++++++++++++++++++++++++++++++++++++++++++++++
 Planet Myanmar Dictionary တဲ့

ဒါလေးကိုတော့ ဒီနေရာ သွားလိုက်နော်....
++++++++++++++++++++++++++++++++++++++++++++++++


Planet Myanmar Dictionary Android version တဲ့ ဒီနေရာမှာပါ
ကဲဒီလောက်ဆိုလုံလောက်ပြီလို့ ထင်ပါတယ် သားလဲရှာရတာမောလာပီလေ
 ကျေးဇူးတင်ပါတယ်နော်
Ref:http://achitkabars.blogspot.com