Pages - Menu

Pages

Monday, November 17, 2014

ဗုဒ္ဓဘာသာတရားကို မယုံကြည်လို့မေးသောမေးခွန်းများ

(ဗုဒ္ဓဘာသာတရားကို မယုံကြည်လို့မေးသောမေးခွန်းများကို တိကျသောဖြေရှင်းချက်)
ဒုတိယအကြီမ် ပြန်လည် တ်ပေးခြင်းဖြစ်ပါသည်။

(၁) - ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။
(၂) - ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုဘဲပေါ့။
(၃) - ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ။
(၄) - ဗုဒ္ဓဟာ သူ့ရဲ့ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့အတွက်
တာဝန်မဲ့ရာ မရောက်ဘူးလား။
(၅) - ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွန်ုပ်တို့ကို ဘယ်လို ကူညီနိုင်ပါသလဲ။

မယားကျင့်ဝတ် ၅-ပါး ထိန်းရမည့် မိန်းမသားများ


(၁) အိမ်တွင်းမှု လုပ်ငန်းကိစ္စကို အဆင်ပြေစေရန် စီမံပြုလုပ်ရခြင်း၊
ဇနီးသည် တစ်ယောက်ဟာ အိမ်တွင်း စီမံခန့် ခွဲတဲ့ နေရာမှာ ကျွမ်းကျင်နိုင်နင်းနေရသလို လိမ္မာပါးနပ်မှုလည်း ရှိရပါမယ်။ သားသမီး
တွေနဲ့ အချိန်ပြည့် အနီးကပ် ထိန်းကျောင်းပြု ပြင်ရသူ ဖြစ်တဲ့ အတွက် အိမ်တွင်းမှာ နေပေမယ့် ပြင်ပကိုလည်း မျက်စေ့တစ်ဆုံးထား
ရမှာပါ။ အ၀တ်အဟောင်း၊အ၀တ်အပြဲများကိုလည်း စနစ်တကျ ချုပ်လုပ်ပြီး သန့် ရှင်းစင်ကျယ်အောင် လျှော်ဖွတ်ဝတ်ကြရဖို့  စီမံမှုလည်း
ရှိရပါတယ်။ ဒါဟာ စည်းကမ်းတကျနဲ့ မကုန်သင့်တာ မကုန်အောင် ချွေတာခြင်းဖြစ်ပါတယ်။ မီးဖိုတွင်းဆိုလည်း အစားအသောက် စီမံကွပ်
ကဲတာက အစ စနစ်ကျဖို့ ပါတယ်။ ဟင်းခွက်တွေအများကြီးချက်ရမယ့်နေရာမှာ ထမင်းစားမိန်ဖို့ အဓိကထားပြီး ဟင်းခွက်နည်းနည်းနဲ့ 
အစပ်အဟက်လည်း တည့်အောင် အကုန်ကျလည်း သက်သာအောင် ချွေတာ ချက်ပြုတ်ဖို့ လည်း လိုအပ်ပါတယ်။

Thursday, October 23, 2014

iPhone တွင် မြန်မာလို ဖတ်/ရေးမယ်

iPhone တွင် Jailbreak လုပ်ဖို့မလိုပဲ မြန်မာလို ရေးဖို့အတွက်ကို လိုက်ရှာနေတာ ကြာပါပြီး
အခုမှ တွေ့ တာပါ.. ။ အသုံးပြုဖို့လိုအပ်တဲ့ သူငယ်ချင်းတွေအတွက် ကျနော် share လုပ်ပေးတာပါ..

အရင်ဆုံး 
iPhone မှာ နောက်ဆုံး version iOS 8.0 or 8.1 ဖြစ်ရပါမည်။
ပြီးရင် 
1..Takaung Myanmar Keyboard ကို download လုပ်ယူရမှာဖြစ်ပါတယ်။
2.. ပြီးရင် install လုပ်လိုက်ပါ
3..ပြီးရင် Setting ထဲကိုသွားပါ ။ Keyboard ကိုနှိပ်ပြီး Add new Keyboard ကိုနှိပ်ပါ 
 ပြီးရင် Takaung Keyboard ကိုရွေးလိုက်ပါ ။။
အားလုံး အဆင်ပြေသွားပါပြီး