သြကာသ ၊ သြကာသ ၊ကာယကံ ၊ ၀စီကံ ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာပထမ ၊ ဒုတိယ ၊ တတိယ ၊ တစ်ကြိမ် ၊နှစ်ကြိမ် ၊သုံးကြိမ် မြောက်အောင် ဘုရားရတနာ ၊ တရားရတနာ ၊သံဃာရတနာ ၊ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏အရှင်ဘုရား ။ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး ၊ ကပ်သုံးပါး ၊ ရပ်ပြစ်ရှစ်ပါး ၊ ရန်သူမျိုးငါးပါး ၊ ၀ိပတ္တိတရားလေးပါး ၊ ဗျဿနတရား ငါးပါး တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ နိဗ္ဗါန်ချမ်းသာ တရားတော်မြတ်ကို ရပါလို၏အရှင်ဘုရား။ အနက် ။ ။ သြကာသ သြကာသ ၊သြကာသ - ရှိခိုးပါရစေ အခွင့်ပြုတော်မူပါ (၃) ကြိမ် ။ ကာယကံ ၊၀စီကံ ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပစေခြင်းအကျိုးငှာ - ကိုယ်ဖြင့် ပြုမူပြစ်မှားမိခဲ့သော ကာယအမူ၊ နှုတ်ဖြင့် ပြောဆိုပြစ်မှားမိခဲ့သော ၀စီအမှု ၊ စိတ်ဖြင့်ကြံစည်ပြစ်မှားမိခဲ့သော မနောအမှု စသည့် ထိုကံသုံးပါးတွင် တစ်ပါးပါး သော ကံတို့ဖြင့် ဘုရား၊ တရား၊ သံဃာ၌လည်းကောင်း ၊ ဆရာသမား မိဘ ဘိုးဘွား အစရှိသော လူကြီးသူမများ၌ လည်းကောင်း ပြစ်မှားမိခဲ့လျှင် ကင်းရှင်းပြေပျောက်ပါစေခြင်း အကျိုးငှာ ၊ ပထမ ၊ဒုတိယ ၊တတိယ ၊ တစ်ကြိမ် ၊နှစ်ကြိမ် ၊သုံးကြိမ်မြောက်အောင် - ပထမက ဒုတိယ ၊ ဒုတိယက တတိယ ၊ တစ်ကြိမ်က နှစ်ကြိမ် ၊ နှစ်ကြိမ်က သုံးကြိမ်တိုင်အောင် ဘုရားရတနာ ၊ တရားရတနာ ၊ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ၊ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏အရှင် ဘုရား ။ ဟိတ်ဟန်မပြ မာန်မာန လျော့ချ၍ ကြည့်ရှုဖူးမြော် ကန်တော့ပါ၏ အရှင်ဘုရား ။
Pages - Menu
▼
Pages
▼
Sunday, June 14, 2015
ဗုဒ္ဓဘာသာတိုင်းသိသင့်သော ဘုရားရှိခိုး နှင့် ရှင်းလင်းချက်များ

Saturday, June 6, 2015
ခရစ်တော်၏ ဟောပြောချက်များသည် ဗုဒ္ဓ၏ ဟောပြောချက်များနှင့် အဘယ်ကြောင့် ဆင်တူနေသနည်း
ခရစ်တော်၏ဟောပြောချက်များသည် ဗုဒ္ဓ၏ဟောပြောချက်များနှင့်အဘယ်ကြောင့်ဆင်တူနေသနည်း ။ ခရစ်တော်သည် အရိမိတ္တေယျဘုရားအလောင်းတော်ဖြစ်သည် ဟူသောစကား မှန်ပါသလော။
(မေးမြန်းလျှောက်ထားသူ - ခရစ်ယာန်ဘုန်းကြီး ဂျေ၊ ဝစ်(လ်)ဆင်၊ အမ်အေ (အောက်စဖို့တက္ကသိုလ်) ဘုံဘိုင်မြို့၊အက်လီဖင်စတုံးကောလိပ်ကျောင်း၊ အင်္ဂလိပ်ဘာသာပါမောက္ခ၊
ဖြေဆိုသူ - ဆရာတော် အရှင်အရိယဓမ္မ။)
ဥတ္တရကုရုခေါ်သော မြောက်ကျွန်း
ဥတ္တရကုရုခေါ်သော မြောက်ကျွန်း
*********************
ဥတ္တရကုရုခေါ်သော မြောက်ကျွန်း၌နေထိုင်ကြသည့် လူတို့သည် အမြဲ နိစ္စ
ငါးပါးသီလကို လုံခြုံကြသည်။ ယင်း ငါးပါးသီလလုံခြုံသူတို့၏ ဓမ္မတာသိဒ္ဓိကြောင့် အောက်ပါဝိသေသန အကျိုးထူးများကို ခံစားကြရသည်။
၁။ အိုးအိမ်တိုက်တာ (နေစရာအတွက်အထူးဆောက်နေဖွယ်မလို၊သစ်ပင်များကနေထိုင်မှုအတွက်ကိစ္စပြီးစေသည်.။
၂၊ မြောက်ကျွှန်းနေလူတို့မှာ ရှည်ခြင်းပုခြင်းစသော အပြစ်မျိုးကင်းသည်၊လုံးရပ်သဏ္ဍာန်နှင့်ပြည့်စုံ၍ ကိုယ်လုံးကိုယ်ဖန် အရပ်အမောင်းတူညီကြသည်။
Thursday, June 4, 2015
ကမ္ဘာ့ပထမဦးဆုံး အနောက်နိုင်ငံနှင့်ကျိုက်ဒဂုံ-ရွှေတိဂုံစေတီတော်ပုံစံတူ
June/5/1958
ကဆရာတော်ကြီးတည်ထားကိုးကွယ်တော်မူခဲ့သောဘုရားနှင့်အကြောင်းအရာအပြည့်အစုံကိုဖတ်ရှုလေ့လာနိုင်ပါသည်။
ကဆရာတော်ကြီးတည်ထားကိုးကွယ်တော်မူခဲ့သောဘုရားနှင့်အကြောင်းအရာအပြည့်အစုံကိုဖတ်ရှုလေ့လာနိုင်ပါသည်။
ဓါတ်ပေါင်းစုံမွန်ဆရာတော်ဘဒ္ဒန္တသီလဝန္တ
္တမဟာထေရ်မြတ်သည်
္တမဟာထေရ်မြတ်သည်
ကမ္ဘာ့ပထမဦးဆုံး
အနောက်နိုင်ငံနှင့်ကမ္ဘာ့နိုင်ငံအသီးသီးသို့
ဘုရားရှင်ကိုယ်စားတော်ဖြစ်သော
ဓာတုစေတီ၊ ဥဒ္ဒိဿစေတီများကိုမွန်လက်ရာမပျက်၊ ကျိုက်ဒဂုံ-ရွှေတိဂုံစေတီတော်ပုံစံတူဖြင့်
ူတည်ထားတော်မူခဲ့ပါသည်။
အနောက်နိုင်ငံနှင့်ကမ္ဘာ့နိုင်ငံအသီးသီးသို့
ဘုရားရှင်ကိုယ်စားတော်ဖြစ်သော
ဓာတုစေတီ၊ ဥဒ္ဒိဿစေတီများကိုမွန်လက်ရာမပျက်၊ ကျိုက်ဒဂုံ-ရွှေတိဂုံစေတီတော်ပုံစံတူဖြင့်
ူတည်ထားတော်မူခဲ့ပါသည်။
လွန်ခဲ့သော နှစ်ပေါင်း (၅၀)ကျော်က မွန်ဆရာတော်တစ်ပါးတည်ထားခဲ့သော စေတီဟောင်းတစ်ဆူကို အမေရိကန်နိုင်ငံ တောတွင်းတစ်နေရာတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
အမေရိကန်နိုင်ငံတွင် လွန် ခဲ့သော နှစ်ပေါင်း(၅၇)နှစ်ခန့်တွင် မွန်ဆရာတော်ဦးသီလ၀ံသ တည် ထားခဲ့သော ရွှေတိဂုံစေတီတော် ပုံစံတူ စေတီဟောင်းတစ်ဆူကို အမေရိကန်ပြည်ထောင်စုရှိ နိုင်ငံ ခြားသားတစ်ဦးပိုင် သစ်တောပိုင် နက်ထဲတွင် ပြန်လည်ရှာဖွေတွေ့ ရှိခဲ့ခြင်း ဖြစ်သည်။

"အာမိသပူဇာ၊ဓမ္မပူဇာ"
"အာမိသပူဇာ၊ဓမ္မပူဇာ"
*****************
ဗုဒ္ဓဘာသာဝင်အပေါင်း
သူတော်ကောင်းအများတို့
သူတော်ကောင်းအများတို့
ယနေ့သည်
သာသနာသက္ကရာဇ်-၂၅၅၈-၂၅၅၉ ၊ ကဆုန်လပြည့်နေ့
ဖြစ်ပါသည်။
သာသနာသက္ကရာဇ်-၂၅၅၈-၂၅၅၉ ၊ ကဆုန်လပြည့်နေ့
ဖြစ်ပါသည်။
အကျွန်ုပ်တို့၏မြတ်စွာဘုရားရှင်သည်>>>
၁။ဒီပင်္ကရာဘုရားထံမှဗျာဒိတ်တော်ခံယူရရှိတဲ့နေ့
၂။မွေးဖွားသန့်စင်သည့်နေ့
၃။ဘုရားအဖြစ်သို့ရောက်ရှိတော်မူသောနေ့
၎။မဟာဗုဒ္ဓဝင်တော်အားဟောကြားတော်မူသောနေ့
၅။ပရိနိဗ္ဗာန်ဝင်စံတော်မူသောနေ့
နေ့ထူးနေ့မြတ်ပင်ဖြစ်ပါသည်။
ထို့ကြောင့်>>>
(((=ဗုဒ္ဓဘာသာကို ပညာရှင်များ၏အမြင်=)))
(((=ဗုဒ္ဓဘာသာကို ပညာရှင်များ၏အမြင်=)))
(ဗုဒ္ဓဘာသာအပေါ် ကမ္ဘာတကလွှားက နာမည်ကျော်ကြားသော ပညာရှင်များ၏ မြင်များကို စုဆည်းတင်ပြအပ်ပါသည်။)
(၁) ဗုဒ္ဓဘာသာဟာ လူသားတိုင်း အတွက်ဖြစ်ပေမယ့်။
လူသားအားလုံးက ဗုဒ္ဓဘာသာမဖြစ်ခဲ့ကြဘူးတဲ့။
(အိုင်စတိုင်းလ် - Albert Einstein)
လူသားအားလုံးက ဗုဒ္ဓဘာသာမဖြစ်ခဲ့ကြဘူးတဲ့။
(အိုင်စတိုင်းလ် - Albert Einstein)
(၂) ဗုဒ္ဓသည် ဘာသာပြောင်းသူများကို အနိုင်ယူရန် တရားဟောခြင်း မဟုတ်ဘဲ၊ တပည့်သာဝကတို့ကို အသိညဏ် အလင်းရရှိစေရန် တရားဟောခြင်း ဖြစ်သည်။ (စာရေးဆရာတစ်ဦး)
(၃) ဗုဒ္ဓနှင့် သာမန်လူသားတစ်ဦး၏ ကွဲပြားချက်မှာ လူကောင်းနှင့် အရူးကွဲပြားသကဲ့သို့ပင် ဖြစ်သည်။ (စာရေးဆရာတစ်ဦး)
(၄) အကယ်၍ ခေတ်သစ်သိပ္ပံပညာလိုအပ်ချက်များနှင့် ဖက်ပြိုင်သည့် ဘာသာရေးတစ်ခု ရှိခဲ့သည်ဆိုလျှင် လက်၎င်းသည် ဗုဒ္ဓဘာသာ ဖြစ်ပေလိမ့်မည်။ (အိုင်စတိုင်းလ် - Albert Einstein)
ရဟန်းဖြစ်လာသော သိပ္ပံပညာရှင်
ရဟန်းဖြစ်လာသော သိပ္ပံပညာရှင်
🔆💡🔆💡🔆💡🔆💡🔆💡🔆
🔆💡🔆💡🔆💡🔆💡🔆💡🔆
ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံး သိပ္ပံပညာရှင်မှာ
------------------------------------------------
ဗုဒ္ဓဖြစ်နေကြောင်း ၊ ကမ္ဘာပေါ်တွင် ရှိရှိသမျှနှင့် ရှိခဲ့သမျှ
-------------------------------------------------------
ပုဂ္ဂိုလ်အပေါင်းတို့တွင် ပညာအကြီးမားဆုံးပုဂ္ဂိုလ်မှာ
--------------------------------------------------
ဗုဒ္ဓဘုရားဖြစ်နေကြောင်း
------------------------
အဂ္ဂမဟာကမ္မဋ္ဌာနစရိယ၊ဓမ္မစရိယ ဖားအောက်တောရဆရာတော်ကြီး ဘဒ္ဒ န္တအာစိဏ္ဏ၏ ဖားအောက်တောရရိပ်သာကျောင်းတွင်
အနောက်တိုင်းသား နိုင်ငံခြားသား ယောဂီအများအပြား ရဟန်းဝတ်၍ တရားအားထုတ်နေသည်ကို တွေ့ရသည်။ ၄င်းတို့အထဲတွင်
သန်းကြွယ်သူဌေးမိသားစုမှ ဆင်းသက်လာသော လခစား အမေရိကန် သိပ္ပံပညာရှင်တစ်ရှင်တစ်ဦးလည်း ရဟန်းဝတ်ပြီး တရားအားထုတ်နေသည်။

တစ္ဆေ သရဲ ခြောက်လှန့်ခြင်း ရည်ရွယ်ချက်များ
" တစ္ဆေ သရဲ ခြောက်လှန့်ခြင်း ရည်ရွယ်ချက်များ "
*****************************
၁။ တဖက်သားကို ပျော်စေချင်လို့၊ စနောက်ချင်လို့ ချောက်လှန့်ခြင်း၊
၂။ သူတို့ ရှိကြောင်း သိစေချင်လို့ အသိပေးခြင်း၊
၃။ ကိုယ့်ဘက်က သူတို့မကြိုက်တာ လုပ်ထားမိလို့ သူတို့က ပြန်လည်နှောက်ယှက် တုံ့ပြန်ခြင်း၊
၎။ နေစရာ စားစရာ မရှိလို့ လက်ရှိဘ၀က ကျွတ်လွတ်ချင်လို့ အပုတ်နံ့၊ အမွှေးနံ့သာနံ့၊ စသည်ပေးခြင်း၊ ကိုယ်ထင်ရှားပြကာ အကူ အညီတောင်းခြင်း၊
စသည်ဖြင့် များစွာရှိနိုင်ပါတယ်၊