Pages - Menu

Pages

Monday, December 21, 2015

ချိုင်းသား ဖြူနေစေမယ့် သဘာဝနည်းလမ်းများ

ချိုင်းသား ဖြူနေစေမယ့် သဘာဝနည်းလမ်းများ
_________
လက်မောင်းအောက် ချိုင်းသား မည်းနေသူတွေ စိတ်ညစ်မနေနဲ့တော့နော။ ကိုယ့်ရဲ့လက်တကမ်းမှာပဲ အလွယ်ရနိုင်တဲ့ ပစ္စည်းတွေနဲ့ပဲ ပြုပြင်လို့ရနေပြီ။ နည်းလမ်းတွေကို လွယ်လွန်းလိုက်တာ ဆိုပြီး အထင်တော့မသေးပါနဲ့။ အချိန်နဲ့ စိတ်ရှည်မှုပဲ လိုပါတယ်။

ဆီးကျောက်တည်ရောဂါအတွက် သဘာဝဆေးနည်း

ဆီးကျောက်တည်ရောဂါအတွက် သဘာဝဆေးနည်း
မိန်းမမှာမီး ယောကျာ်းမှာဆီး ဆိုသည့်စကားအတိုင်း အမျိုးသမီးတို့အတွက် မီးနေချိန်သည် အလွန်အရေးကြီးသလို အမျိုးသားများအတွက် ဆီးရောဂါသည် အလွန်အရေးကြီးလှပါသည်။
ဆီးနှင့်ပတ်သက်သော ရောဂါများမှာလည်း အမျိုးမျိုးရှိနေပါသည်။ ဆီးကျောက်တည်ခြင်းသည် အလွန်အန္တရာယ်ကြီးသော ရောဂါတစ်ခု ဖြစ်နေပါသည်။ ထို့ကြောင့် ဆီးကျောက်တည်သူများအတွက် သဘာဝဆေးနည်းကောင်းတစ်ခုကို မျှဝေပေးလိုက်ပါသည်။ 

ဆံပင်နှင့်ဦးရေပြားအတွက် ကြက်သွန်နီ

ဆံပင်နှင့်ဦးရေပြားအတွက် ကြက်သွန်နီ
_____
ဆံပင်သန်၊ ဆံပင်ပြန်ပေါက်တဲ့ အိမ်တွင်းကုထုံးနည်းလေးရှိတယ်။ အဲဒါကတော့ ကြက်သွန်နီကို ရေလဲသုံးတာပါပဲ။
ကြက်သွန်နီက ဆာလဖာဓာတ် ပါဝင်မှု မြင့်မားနေသည့်အတွက် မွှန်တဲ့ အနံ့တော့ရှိတယ်။ ဆံပင်မကျွတ်တော့တဲ့အထိ၊ ဆံပင်ပြန်ပေါက်တဲ့အထိ
ဗောက်တွေပျောက်တဲ့အထိ သည်းခံ သုံးပေးနိုင်မယ်ဆိုရင်တော့
ဘေးကင်းတဲ့ဆေးတစ်ခုဖြစ်တယ်ဆိုတာကို ကျန်းမာရေးသတင်းများ စာမျက်နှာမှ သတင်းစကား ပါးချင်ပါတယ်။

ဘာ့ကြောင့် ခါးနာရတာလဲ ?

ဘာ့ကြောင့် ခါးနာရတာလဲ ?


----------
ယနေ့ လူသားများ ခံစားရလေ့ ရှိသော ဝေဒနာမှာ ခါးနာခြင်း ဖြစ်တယ်။ အထူးသဖြင့် တင်ပါးဆုံ အထက် နာကျင်ခြင်း ဝေဒနာနှင့် အတူ ဆေးရုံ၊ ဆေးခန်းများကို ရောက်လာ ကြတယ်။
ပညာရှင်များ အဆိုအရ လူ ၁ဝ ဦးမှာ ရှစ်ဦးက ခါးနာတတ်တယ်။ အမေရိကန် ပြည်ထောင်စုမှာ ခါးနာဝေဒနာ ခံစားရသူ ခုနစ်သန်း ရှိတယ်။ ငါးသန်းဟာ လုပ်ငန်းခွင် ပျက်ကွက်နေပြီး နှစ်သန်းခန့်ဟာ လုံးဝ အလုပ် လုပ်ကိုင်နိုင်အောင် ဒုက္ခရောက်နေ ကြတယ်။

နှာစေးခြင်း၊နှာပိတ်ခြင်းများအတွက် အိမ်တွင်းကုထုံး

နှာစေးခြင်း၊နှာပိတ်ခြင်းများအတွက် အိမ်တွင်းကုထုံး
____
အသက်ရှုဖို့ လေကို ရှူသွင်းလိုက်ချိန်မှာ တခုခု ပိတ်ဆို့နေသလို ခံစားရပြီး အခက်အခဲ ကြုံလိုက်ရတဲ့အခါ နှာပိတ်တယ် လို့ ခေါ်ဆိုကြပါတယ်။ အဲလို နှာပိတ်ချိန်မှာ နှာခေါင်းပေါက်အတွင်းမှာ အချွဲတွေနဲ့ ပိတ်ဆို့နေတတ်တာပါ။တခါတလေ နှာပိတ်လွန်းလို့ ခေါင်းပါကိုက်ခဲလာတဲ့အထိ ခံစားချက်က ဆိုးရွားတတ်ပါတယ်။ အဲလို ကြုံလိုက်ရပြီဆိုရင်တော့ အိမ်က မီးဖိုချောင်ထဲကိုသာ အပြေးသွားပြီး နှာရည် အမြန်ပျော်ကျပြီး အသက်ရှူလွယ်အောင် လုပ်ပါလေတော့။ နည်းလမ်းတွေကိုတော့ ကျနော်တို့ ကျန်းမာရေးသတင်းများ ပေ့ခ်ျကနေ မျှဝေပေးလိုက်ပါရစေနော။

သဘာဝ ခြင်နိုင်ဆေး

သဘာဝ ခြင်နိုင်ဆေး
------------------------
ခြင်ဆေးခွေ၊ ပိုးသတ်ဆေး၊ မှုတ်ဆေး၊ ဖျန်းဆေးစတဲ့ ဓါတုဗေဒဆေးများ၏ အနံ့ကြောင့် နှာခေါင်းကင်ဆာနှင့် အခြား ဘေးထွက်ဆိုးကျိုးများမှ
ကင်းဝေးရန် အောက်ပါသဘာဝဆေးနည်းဖြင့် ခြင်အန္တရာယ်ကို ကာကွယ်နိုင်ကြပါသည်။ 

အစာအိမ်ရောဂါပျေက်တဲ့ သဘာဝဆေးနည်း

အစာအိမ်ရောဂါပျေက်တဲ့ သဘာဝဆေးနည်း
---------------------------------------------------
အစာအိမ်ရောဂါအတွက် ဆေးအမျိုးမျိုးသုံးပြီး မသက်သာလို့ စိတ်ညစ်နေသူများ အောက်ပါ သဘာဝဆေးနည်းလေးကို သုံးကြည့်နိုင်ပါတယ်။ လက်တွေ့ ပျောက်တဲ့ဆေးနည်းလေးမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ပါဝင်သော ပစ္စည်းများ-
၁။ အာလူးစိမ်း
၂။ ဂျင်း
၃။ ပျားရည်

နွားနို့ကို နနွင်းနဲ့ သောက်ခြင်းရဲ့ကောင်းကျိုး

နွားနို့ကို နနွင်းနဲ့ သောက်ခြင်းရဲ့ကောင်းကျိုး
နွားနို့သောက်တဲ့အခါ ကျန်းမာရေးနဲ့မညီညွတ်တဲ့ ချောကလက်မှုန့်၊ သကြား၊ ခရင်မ်တွေထည့်ပြီးသောက်တာထက် နနွင်းထည့်သောက်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ နွားနို့ပူပူထဲကို နနွင်းလက်ဖက်ရည်ဇွန်းဝက် ဒါမှမဟုတ် လတ်လတ်ဆတ်ဆတ် နနွင်းတက်တစ်လက်မ အရွယ်လောက်ထည့်ပြီး ၁၅ မိနစ် လောက်နေရင် သောက်လို့ရပါပြီ။

Wednesday, July 15, 2015

ကင်ဆာရောဂါမှ အသက်ချမ်းသာရာရရှိခဲ့သူ အမျိုးသမီးမှ ထပ်ဆင့်ဝေမျှတဲ့ ကင်ဆာဆေးနည်း

Bosnia and Herzegovina နိုင်ငံမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦး ဖြစ်တယ်။ အခြားဝေဒနာရှင်တွေ အကျိုးဖြစ်စေဖို့ စိတ်အားထက်သန်တဲ့ သူမက သူမအား အသက်ချမ်းသာရစေခဲ့တဲ့ ဆေးနည်းကို ထပ်ဆင့် ဝေမျှခဲ့တယ်။ ဒီဝေဒနာ ရင် ဆိုင်ခံစားနေရတဲ့ အခြားလူနာတွေ အကူညီပေးဖို့ ဆုံးဖြတ်ခဲ့တယ်။

☆“ကိလေသာက အရှက်ခွဲမလို့ စောင့်နေတာ”☆


☆ ကိလေသာကို အထင်သေးလို့မရဘူး။ ရန်သူကို အထင်မသေးပါနဲ့။ ရန်သူ
ကိုအထင်သေးရင်တော့ရှုံးမှာပဲ။
☆ ငါတို့က စခန်းပွဲဘယ်နှစ်ခါဝင်ပြီးပြီ။ တရားဘယ်နှစ်ခွေနာပြီးပြီ။ ကိလေ
သာလောက်ကတော့ နိုင်ပါတယ်ဆိုပြီး လျှော့တွက်လို့ ရပါ့မလား။ လျှော့တွက်
ရင် မဟာအမှားပဲ။ အဲဒါဆိုရင်တော့ ကိလေသာက နိုင်တော့မယ်။ ပစ္ဆိမဘဝ
ဒါနောက်ဆုံးဘဝ၊ ပဋိသမ္ဘိဒါလေးပါးနဲ့ ရဟန္တာဖြစ်မဲ့ပုဂ္ဂိုလ်ကိုတောင် လှည့်စား
ပစ်တာ။ သူတော်ကောင်းအလုပ်ကို ကျကနနမလုပ်နိုင်ဘူး။
☆ ကိလေသာတွေက အခွင့်အရေးမရသေးလို့ ငြိမ်နေတာ။ ကိလေသာတွေ
က ကျားလိုပဲ။ ကျားက ချုံထဲမှာ ငြိမ်နေတာ။ သားကောင် သူ့နားမရောက်သေး
လို့ငြိမ်နေတာ။ သမင်တွေ ဒရယ်တွေ သူ့နားဖြတ်သွားပြီဆို ထအုပ်လိုက်တာ
ပဲ။ မလွတ်တော့ဘူး။

Sunday, June 14, 2015

ဗုဒ္ဓဘာသာတိုင်းသိသင့်သော ဘုရားရှိခိုး နှင့် ရှင်းလင်းချက်များ




သြကာသ ၊ သြကာသ ၊ကာယကံ ၊ ၀စီကံ ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာပထမ ၊ ဒုတိယ ၊ တတိယ ၊ တစ်ကြိမ် ၊နှစ်ကြိမ် ၊သုံးကြိမ် မြောက်အောင် ဘုရားရတနာ ၊ တရားရတနာ ၊သံဃာရတနာ ၊ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏အရှင်ဘုရား ။ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး ၊ ကပ်သုံးပါး ၊ ရပ်ပြစ်ရှစ်ပါး ၊ ရန်သူမျိုးငါးပါး ၊ ၀ိပတ္တိတရားလေးပါး ၊ ဗျဿနတရား ငါးပါး တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ နိဗ္ဗါန်ချမ်းသာ တရားတော်မြတ်ကို ရပါလို၏အရှင်ဘုရား။ အနက် ။ ။ သြကာသ သြကာသ ၊သြကာသ - ရှိခိုးပါရစေ အခွင့်ပြုတော်မူပါ (၃) ကြိမ် ။ ကာယကံ ၊၀စီကံ ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပစေခြင်းအကျိုးငှာ - ကိုယ်ဖြင့် ပြုမူပြစ်မှားမိခဲ့သော ကာယအမူ၊ နှုတ်ဖြင့် ပြောဆိုပြစ်မှားမိခဲ့သော ၀စီအမှု ၊ စိတ်ဖြင့်ကြံစည်ပြစ်မှားမိခဲ့သော မနောအမှု စသည့် ထိုကံသုံးပါးတွင် တစ်ပါးပါး သော ကံတို့ဖြင့် ဘုရား၊ တရား၊ သံဃာ၌လည်းကောင်း ၊ ဆရာသမား မိဘ ဘိုးဘွား အစရှိသော လူကြီးသူမများ၌ လည်းကောင်း ပြစ်မှားမိခဲ့လျှင် ကင်းရှင်းပြေပျောက်ပါစေခြင်း အကျိုးငှာ ၊ ပထမ ၊ဒုတိယ ၊တတိယ ၊ တစ်ကြိမ် ၊နှစ်ကြိမ် ၊သုံးကြိမ်မြောက်အောင် - ပထမက ဒုတိယ ၊ ဒုတိယက တတိယ ၊ တစ်ကြိမ်က နှစ်ကြိမ် ၊ နှစ်ကြိမ်က သုံးကြိမ်တိုင်အောင် ဘုရားရတနာ ၊ တရားရတနာ ၊ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ၊ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏အရှင် ဘုရား ။ ဟိတ်ဟန်မပြ မာန်မာန လျော့ချ၍ ကြည့်ရှုဖူးမြော် ကန်တော့ပါ၏ အရှင်ဘုရား ။ 

Saturday, June 6, 2015

ခရစ်တော်၏ ဟောပြောချက်များသည် ဗုဒ္ဓ၏ ဟောပြောချက်များနှင့် အဘယ်ကြောင့် ဆင်တူနေသနည်း




ခရစ်တော်၏ဟောပြောချက်များသည် ဗုဒ္ဓ၏ဟောပြောချက်များနှင့်အဘယ်ကြောင့်ဆင်တူနေသနည်း ။ ခရစ်တော်သည် အရိမိတ္တေယျဘုရားအလောင်းတော်ဖြစ်သည် ဟူသောစကား မှန်ပါသလော။

(မေးမြန်းလျှောက်ထားသူ - ခရစ်ယာန်ဘုန်းကြီး ဂျေ၊ ဝစ်(လ်)ဆင်၊ အမ်အေ (အောက်စဖို့တက္ကသိုလ်) ဘုံဘိုင်မြို့၊အက်လီဖင်စတုံးကောလိပ်ကျောင်း၊ အင်္ဂလိပ်ဘာသာပါမောက္ခ၊  

ဖြေဆိုသူ - ဆရာတော် အရှင်အရိယဓမ္မ။)

ဥတ္တရကုရုခေါ်သော မြောက်ကျွန်း



ဥတ္တရကုရုခေါ်သော မြောက်ကျွန်း
*********************
ဥတ္တရကုရုခေါ်သော မြောက်ကျွန်း၌နေထိုင်ကြသည့် လူတို့သည် အမြဲ နိစ္စ
ငါးပါးသီလကို လုံခြုံကြသည်။ ယင်း ငါးပါးသီလလုံခြုံသူတို့၏ ဓမ္မတာသိဒ္ဓိကြောင့် အောက်ပါဝိသေသန အကျိုးထူးများကို ခံစားကြရသည်။
၁။ အိုးအိမ်တိုက်တာ (နေစရာအတွက်အထူးဆောက်နေဖွယ်မလို၊သစ်ပင်များကနေထိုင်မှုအတွက်ကိစ္စပြီးစေသည်.။
၂၊ မြောက်ကျွှန်းနေလူတို့မှာ ရှည်ခြင်းပုခြင်းစသော အပြစ်မျိုးကင်းသည်၊လုံးရပ်သဏ္ဍာန်နှင့်ပြည့်စုံ၍ ကိုယ်လုံးကိုယ်ဖန် အရပ်အမောင်းတူညီကြသည်။

Thursday, June 4, 2015

ကမ္ဘာ့ပထမဦးဆုံး အနောက်နိုင်ငံနှင့်ကျိုက်ဒဂုံ-ရွှေတိဂုံစေတီတော်ပုံစံတူ

June/5/1958
ကဆရာတော်ကြီးတည်ထားကိုးကွယ်တော်မူခဲ့သောဘုရားနှင့်အကြောင်းအရာအပြည့်အစုံကိုဖတ်ရှုလေ့လာနိုင်ပါသည်။
ကျွန်ုပ်၏ကျေးဇူးရှင်ဖြစ်တော်မူသော
ဓါတ်ပေါင်းစုံမွန်ဆရာတော်ဘဒ္ဒန္တသီလဝန္တ
္တမဟာထေရ်မြတ်သည်
ကမ္ဘာ့ပထမဦးဆုံး
အနောက်နိုင်ငံနှင့်ကမ္ဘာ့နိုင်ငံအသီးသီးသို့
ဘုရားရှင်ကိုယ်စားတော်ဖြစ်သော
ဓာတုစေတီ၊ ဥဒ္ဒိဿစေတီများကိုမွန်လက်ရာမပျက်၊ ကျိုက်ဒဂုံ-ရွှေတိဂုံစေတီတော်ပုံစံတူဖြင့်
ူတည်ထားတော်မူခဲ့ပါသည်။
လွန်ခဲ့သော နှစ်ပေါင်း (၅၀)ကျော်က မွန်ဆရာတော်တစ်ပါးတည်ထားခဲ့သော စေတီဟောင်းတစ်ဆူကို အမေရိကန်နိုင်ငံ တောတွင်းတစ်နေရာတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
အမေရိကန်နိုင်ငံတွင် လွန် ခဲ့သော နှစ်ပေါင်း(၅၇)နှစ်ခန့်တွင် မွန်ဆရာတော်ဦးသီလ၀ံသ တည် ထားခဲ့သော ရွှေတိဂုံစေတီတော် ပုံစံတူ စေတီဟောင်းတစ်ဆူကို အမေရိကန်ပြည်ထောင်စုရှိ နိုင်ငံ ခြားသားတစ်ဦးပိုင် သစ်တောပိုင် နက်ထဲတွင် ပြန်လည်ရှာဖွေတွေ့ ရှိခဲ့ခြင်း ဖြစ်သည်။

"အာမိသပူဇာ၊ဓမ္မပူဇာ"

"အာမိသပူဇာ၊ဓမ္မပူဇာ"
*****************

ဗုဒ္ဓဘာသာဝင်အပေါင်း
သူတော်ကောင်းအများတို့
ယနေ့သည်
သာသနာသက္ကရာဇ်-၂၅၅၈-၂၅၅၉ ၊ ကဆုန်လပြည့်နေ့
ဖြစ်ပါသည်။

အကျွန်ုပ်တို့၏မြတ်စွာဘုရားရှင်သည်>>>

၁။ဒီပင်္ကရာဘုရားထံမှဗျာဒိတ်တော်ခံယူရရှိတဲ့နေ့
၂။မွေးဖွားသန့်စင်သည့်နေ့
၃။ဘုရားအဖြစ်သို့ရောက်ရှိတော်မူသောနေ့
၎။မဟာဗုဒ္ဓဝင်တော်အားဟောကြားတော်မူသောနေ့
၅။ပရိနိဗ္ဗာန်ဝင်စံတော်မူသောနေ့
နေ့ထူးနေ့မြတ်ပင်ဖြစ်ပါသည်။
ထို့ကြောင့်>>>

(((=ဗုဒ္ဓဘာသာကို ပညာရှင်များ၏အမြင်=)))



(((=ဗုဒ္ဓဘာသာကို ပညာရှင်များ၏အမြင်=)))

(ဗုဒ္ဓဘာသာအပေါ် ကမ္ဘာတကလွှားက နာမည်ကျော်ကြားသော ပညာရှင်များ၏ မြင်များကို စုဆည်းတင်ပြအပ်ပါသည်။)
(၁) ဗုဒ္ဓဘာသာဟာ လူသားတိုင်း အတွက်ဖြစ်ပေမယ့်။
လူသားအားလုံးက ဗုဒ္ဓဘာသာမဖြစ်ခဲ့ကြဘူးတဲ့။
(အိုင်စတိုင်းလ် - Albert Einstein)
(၂) ဗုဒ္ဓသည် ဘာသာပြောင်းသူများကို အနိုင်ယူရန် တရားဟောခြင်း မဟုတ်ဘဲ၊ တပည့်သာဝကတို့ကို အသိညဏ် အလင်းရရှိစေရန် တရားဟောခြင်း ဖြစ်သည်။ (စာရေးဆရာတစ်ဦး)
(၃) ဗုဒ္ဓနှင့် သာမန်လူသားတစ်ဦး၏ ကွဲပြားချက်မှာ လူကောင်းနှင့် အရူးကွဲပြားသကဲ့သို့ပင် ဖြစ်သည်။ (စာရေးဆရာတစ်ဦး)
(၄) အကယ်၍ ခေတ်သစ်သိပ္ပံပညာလိုအပ်ချက်များနှင့် ဖက်ပြိုင်သည့် ဘာသာရေးတစ်ခု ရှိခဲ့သည်ဆိုလျှင် လက်၎င်းသည် ဗုဒ္ဓဘာသာ ဖြစ်ပေလိမ့်မည်။ (အိုင်စတိုင်းလ် - Albert Einstein)

ဒါနသုံးမျိုး




ဒါနသုံးမျိုး
***********

၁။ဣဏဒါန
ကြွေးသစ်ချခြင်း
(သားသမီးတို့ကိုကျွေးမွေးခြင်း)
၂။မောက္ခဒါန
ကျွေးဟောင်းဆပ်ခြင်း
(မိဘကိုလုပ်ကျွေးခြင်း)
၃။နိဓိဒါန
ရွှေအိုးမြှုပ်နှံခြင်း

ရဟန်းဖြစ်လာသော သိပ္ပံပညာရှင်



ရဟန်းဖြစ်လာသော သိပ္ပံပညာရှင်
🔆💡🔆💡🔆💡🔆💡🔆💡🔆

ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံး သိပ္ပံပညာရှင်မှာ
------------------------------------------------
ဗုဒ္ဓဖြစ်နေကြောင်း ၊ ကမ္ဘာပေါ်တွင် ရှိရှိသမျှနှင့် ရှိခဲ့သမျှ
-------------------------------------------------------
ပုဂ္ဂိုလ်အပေါင်းတို့တွင် ပညာအကြီးမားဆုံးပုဂ္ဂိုလ်မှာ
--------------------------------------------------
ဗုဒ္ဓဘုရားဖြစ်နေကြောင်း
------------------------
အဂ္ဂမဟာကမ္မဋ္ဌာနစရိယ၊ဓမ္မစရိယ ဖားအောက်တောရဆရာတော်ကြီး ဘဒ္ဒ န္တအာစိဏ္ဏ၏ ဖားအောက်တောရရိပ်သာကျောင်းတွင်
အနောက်တိုင်းသား နိုင်ငံခြားသား ယောဂီအများအပြား ရဟန်းဝတ်၍ တရားအားထုတ်နေသည်ကို တွေ့ရသည်။ ၄င်းတို့အထဲတွင်
သန်းကြွယ်သူဌေးမိသားစုမှ ဆင်းသက်လာသော လခစား အမေရိကန် သိပ္ပံပညာရှင်တစ်ရှင်တစ်ဦးလည်း ရဟန်းဝတ်ပြီး တရားအားထုတ်နေသည်။

တစ္ဆေ သရဲ ခြောက်လှန့်ခြင်း ရည်ရွယ်ချက်များ

" တစ္ဆေ သရဲ ခြောက်လှန့်ခြင်း ရည်ရွယ်ချက်များ "
*****************************



၁။ တဖက်သားကို ပျော်စေချင်လို့၊ စနောက်ချင်လို့ ချောက်လှန့်ခြင်း၊
၂။ သူတို့ ရှိကြောင်း သိစေချင်လို့ အသိပေးခြင်း၊
၃။ ကိုယ့်ဘက်က သူတို့မကြိုက်တာ လုပ်ထားမိလို့ သူတို့က ပြန်လည်နှောက်ယှက် တုံ့ပြန်ခြင်း၊
၎။ နေစရာ စားစရာ မရှိလို့ လက်ရှိဘ၀က ကျွတ်လွတ်ချင်လို့ အပုတ်နံ့၊ အမွှေးနံ့သာနံ့၊ စသည်ပေးခြင်း၊ ကိုယ်ထင်ရှားပြကာ အကူ အညီတောင်းခြင်း၊
စသည်ဖြင့် များစွာရှိနိုင်ပါတယ်၊ 

Saturday, May 9, 2015

ထိုင်းမိဖုရား ကရင်သူလေး မုယယ်ဖဲ


------
ဒီအဖြစ်အပျက်က ထိုင်းနိုင်ငံတော်ဝင်ဘုရင်ရဲ့ (၅)ဆက်မြောက် ဘုရင်လက်ထက် မှာပါ။ ခုနှစ်အားဖြင့် 1870-1910 (ဒီအကြောင်းအရာဟာ ဒဏ္ဍာရီပုံပြင်မဟုတ်တဲ့ တကယ့်အဖြစ်အပျက် သမိုင်းရာဇ၀င်ပါ။ ဒီကနေ့ ထိ မုယယ်ဖဲ သက်ရှိထင်ရှားရှိစဉ်တုန်းက သူမယက်ကန်းယက်တဲ့ အသုံး အဆောင်ပစ္စည်းတွေ သူ့ မရဲ့ ဆွေစဉ်မျိုးဆက်တွေက သိမ်းဆည်းထားတာရှိသေးတယ်)။ မုယယ်ဖဲဆိုတဲ့ သူက ကရင်အမျိုးသမီး တောသူမတဦးပါ။ နေရပ်ကတော့ ယခုအခေါ်အရ ကရင်ပြည်နယ် ဖါပွန်ဒေသက ဖြစ်ပါတယ်။ ရုပ်ရည်ချောမောလှပပြီး မိန်းမကောင်း၊ မိန်းမမြတ်တို့ ရဲ့ ကြန်အင်လက္ခဏာနဲ့ ပြည်စုံတဲ့ အလှဘုရင်မလေးတဦးဖြစ်ပါတယ်။