Monday, March 26, 2012

Posted by ဖိုးခွားလေး
No comments | Monday, March 26, 2012
ပြည်တွင်း၌ အသုံးပြုနေသည့် ဂြိုဟ်တုဖြင့် တည်နေရာ ရှာဖွေသည့် ဂျီပီအက်စ် (GPS) စနစ်များတွင် ဧရာဝတီတိုင်း ဒေသကြီးရှိ မြို့ကြီးများ ဖြစ်သော ပုသိမ် နှင့် မအူပင်မြို့များ အပါအ၀င် မြန်မာနိုင်ငံ အတွင်းရှိ မြို့ပေါင်း (၂၅) မြို့၏ အသေးစိတ် မြေပုံများကို ထည့်သွင်း အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။


၎င်းကဲ့သို့ အသေးစိတ်မြေပုံများ ထည့်သွင်း အသုံးပြုထားသည့် မြို့များမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပြင်ဦးလွင်၊ ပြည်၊ မကွေး၊ စစ်ကိုင်း၊ မြိတ်၊ ထားဝယ်၊ ရေး၊ မော်လမြိုင်၊ စစ်တွေ၊ တောင်ကြီး၊ မိတ္ထီလာ၊ ပုသိမ်၊ မအူပင်၊ ပျဉ်းမနား၊ ရေနံချောင်း၊ တောင်ငူ၊ ပုဂံ၊ ဘားအံ၊ မြ၀တီ၊ ကော့သောင်း တို့ဖြစ်ကြောင်း GPS များ တင်သွင်း ရောင်းချသည့် Concordia ကုမ္ပဏီမှ တာဝန်ရှိသူထံမှ သိရကြောင်း ဧရာဝတီ သတင်းဂျာနယ်က ဒီဇင်ဘာ ၁၆ ရက်နေ့က ဖော်ပြခဲ့သည်။
မြို့ကြီး(၂၅)မြို့၏ အသေးစိတ်မြပုံများကို GPS တွင် ထည့်သွင်း အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း၊ ကျန်မြို့များကိုလည်း အသေးစိတ် မြေပုံ ထည့်သွင်း အသုံပြုနိုင်ရန် စီစဉ် ရှိကြောင်း၊ အသုံးပြုသူများ အနေဖြင့် မိမိသွားလိုသော လိပ်စာရိုက်ထည့်ရုံဖြင့် အနီးဆုံး လမ်းကြောင်းကို ဖော်ပြပေးမည်ဖြစ်ပြီး ၄င်းမြို့ပေါင်း (၂၅) မြို့ပါသော အသေးစိတ်မြေပုံကို GSM ဖုန်းများတွင်ပါ ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း Concordia ကုမ္ပဏီက ဆိုပါသည်။
 မြန်မာနိုင်ငံရှိ မြို့များ၏ မြေပုံများ GPS တွင်ထည့်သွင်းအသုံးပြုလိုပါက ကျပ် ၆၀၀၀၀ ခန့် ကုန်ကျမည်ဖြစ်ပြီး မိုဘိုင်းဖုန်းတွင် ကျပ် ၁၅၀၀၀ ခန့် ကုန်ကျမည်ဟု ဧရာဝတီ သတင်းဂျာနယ်တွင် ဖော်ပြထားသည်။
http://mdsng.blogspot.com

0 comments:

Post a Comment

နောက်ထပ်လင့်များ

wach movie

US Link

အနုပညာရှင်များ

မြန်မာ့ရုပ်မြင်သံကြား

SKY Net-TV

အွန်လိုင်း Video ကြည့်ရန်

Shwe Videos Burmese Classic

Font Converter

Font Converter

MCA Thailand Live

Watch live streaming video from mcathailand_live at livestream.com

Online Dictionary

Image Hosted by ImageShack.us Image Hosted by ImageShack.us

Color Code လွယ်ကူစွာရယူရန်

HTML COLOUR CODE လွယ်ကူစွာရှာရန်

အရောင်ရဲ့Code ယူရန် :