Pages - Menu

Pages

Sunday, May 12, 2013

Google Glass တွင် မျက်တောင်ခတ်ရုံနှင့် ဓာတ်ပုံရိုက်နိုင်မည့် feature ပါဝင်မည်


Google Glass တွင်ပါဝင်သည့် Android source code အရ ၎င်းမျက်မှန်ကို ၀တ်ဆင်အသုံးပြုသူများသည် မျက်တောင်ခတ်ရုံနှင့် ဓာတ်ပုံများကို ရိုက်ကူးပေးနိုင်မည်ဟု သိရသည်။
အဆိုပါ code သစ်ကို Google Glass developer ဖြစ်သူ Mike DiGiovanni ကရေးဆွဲထားခြင်းဖြစ်သည်။ Winky ဟုခေါ်သည့် feature သစ်သည် Screen ကို ပိတ်ထားသည့်အခါတွင်လည်း မျက်တောင်ခတ်ရုံဖြင့် ဓာတ်ပုံရိုက်ကူး ပေးနိုင်သည့်အတွက် ဓာတ်ပုံရိုက်ရာတွင် ခလုတ်ကိုနှိပ်ကာရိုက်ခြင်း၊ အသံဖြင့် အမိန့်ပေးရိုက်ကူးခြင်းတို့ဖြင့် ပြုလုပ်စရာမလိုတော့ပေ။ DiGionvanni သည် Winky ကို Android source code အနေဖြင့် https://github.com/kaze0/winky မှဖြန့်ချိပေးခဲ့ပြီး ၎င်းကို
compile လုပ်ကာ APK (application package file) တစ်ခုအနေဖြင့် အသုံးပြုနိုင်မည်ဟု ၎င်း၏ Google+post တွင် ဖော်ပြထားသည်။

ရေးသားသူ -နောင်နောင်
Ref: CNET
မြန်မာအင်တာနက်ဂျာနယ်မှယူသည်။

No comments:

Post a Comment