Monday, November 17, 2014

Posted by ဖိုးခွားလေး
No comments | Monday, November 17, 2014

(၁) အိမ်တွင်းမှု လုပ်ငန်းကိစ္စကို အဆင်ပြေစေရန် စီမံပြုလုပ်ရခြင်း၊
ဇနီးသည် တစ်ယောက်ဟာ အိမ်တွင်း စီမံခန့် ခွဲတဲ့ နေရာမှာ ကျွမ်းကျင်နိုင်နင်းနေရသလို လိမ္မာပါးနပ်မှုလည်း ရှိရပါမယ်။ သားသမီး
တွေနဲ့ အချိန်ပြည့် အနီးကပ် ထိန်းကျောင်းပြု ပြင်ရသူ ဖြစ်တဲ့ အတွက် အိမ်တွင်းမှာ နေပေမယ့် ပြင်ပကိုလည်း မျက်စေ့တစ်ဆုံးထား
ရမှာပါ။ အ၀တ်အဟောင်း၊အ၀တ်အပြဲများကိုလည်း စနစ်တကျ ချုပ်လုပ်ပြီး သန့် ရှင်းစင်ကျယ်အောင် လျှော်ဖွတ်ဝတ်ကြရဖို့  စီမံမှုလည်း
ရှိရပါတယ်။ ဒါဟာ စည်းကမ်းတကျနဲ့ မကုန်သင့်တာ မကုန်အောင် ချွေတာခြင်းဖြစ်ပါတယ်။ မီးဖိုတွင်းဆိုလည်း အစားအသောက် စီမံကွပ်
ကဲတာက အစ စနစ်ကျဖို့ ပါတယ်။ ဟင်းခွက်တွေအများကြီးချက်ရမယ့်နေရာမှာ ထမင်းစားမိန်ဖို့ အဓိကထားပြီး ဟင်းခွက်နည်းနည်းနဲ့ 
အစပ်အဟက်လည်း တည့်အောင် အကုန်ကျလည်း သက်သာအောင် ချွေတာ ချက်ပြုတ်ဖို့ လည်း လိုအပ်ပါတယ်။



(၂) မိမိလင်ယောက်ျား အပ်နှံလာသော ဥစ္စာများကို စနစ်တကျ သိမ်းဆည်း ထိန်းသိမ်းထားရခြင်း၊
ခင်ပွန်းသည်က ပေးအပ်သော ၀င်ငွေတွေကိုလည်း နောက်ဝှေးပေါက်က မထွက်အောင် ထိန်းသိမ်းတတ်ရပါမယ်။ အိမ်ရှေ့ က ဘယ်လောက်
ရှာရှာ အိမ်အောက် မလုံပဲ အပေါက်ဖြစ်နေကြည့်ပါလား၊ ပလိုင်းပေါက်နဲ့  ဖားကောက်ရလိုသာ ဖြစ်ပေလိမ့်မည။ မိမိတာဝန်ဟာ သားသမီး
တွေကို ပဲ့ပြင်ထိန်းကျောင်းရတဲ့အတွက် သူတို့ ရဲ့ အသုံးစရိတ်ကိုလည်း စီစစ်ပြီး ပေးတတ်ရပါမယ်။ ခင်ပွန်းသည်ဟာ ယောက်ကျားသားဖြစ်
တဲ့အတွက် တစ်ချို့ နေရာတွေမှာ အားနာတတ်မှုရှိလို့  ငွေချေးလာသူများကို ပြောဖို့ ခက်တဲ့အခါ ဇနီးလုပ်တဲ့သူက ပညာသားပါးစွာ ဖြေရှင်း
တတ်ဖို့ လိုပါတယ်။ ခင်ပွန်းသည်က အပေါင်းအသင်းမိတ်ဆွေတွေနဲ့ ပျော်မိတဲ့ အခါ ငွေကို အလွန်အကျွံ မသုံးမိစေဖို့  ဇနီးလုပ်သူကပဲ ထိန်း
ပေးဖို့ လိုပါတယ်။

(၃) မိမိယောက်ျားမှ တပါးသော ယောက်ျားတို့နှင့် မမှားယွင်း မဖောက်ပြန်ရခြင်း၊
အိမ်ထောင်တစ်ခုထူထောင်လိုက်ပြီဆိုတာနဲ့  သစ္စာရှိဖို့ လိုအပ်လာပါပြီ်။ ကိုယ့်မှာ အိမ်တွင်းရေး ဘယ်လောက်ပြဿနာကြုံနေနေ အတွင်းမီး အ
ပြင်ကို မသယ်ပါနဲ့ ၊ အပြင်မီးလည်း အတွင်းကို ယူမလာပါနဲ့ ။ ဘာလို့ လည်းဆိုတော့ ဒီလိုတွေ မီးကူးစပ်တတ်တာဟာ အပြင်ကို အထွက်များ
လို့ ဖြစ်တာပါ။ အပြင်ကို အထွက်များတဲ့ အိမ်ထောင်သည်မိန်းမ တစ်ယောက်ဟာ လွတ်လပ်မှုကို ရှာချင်တဲ့ စိတ်ကြောင့်သာ ဖြစ်လာတာပါ။ ဒီ
လွတ်လပ်မှုကနေ သာယာမှု၊ ပျော်ရွှင်မှုတွေ ဘက်ပြောင်းလာတဲ့ အခါ မမှားသင့်တဲ့ အမှားမျိုးတွေ ကြုံလာတော့တာပါပဲ။ မိန်းမသားတွေရဲ့ အား
နည်းချက်က အထင်ကြီးတတ်ခြင်းနဲ့ အားကိုးလို စိတ်ရှိခြင်းပါပဲ။ ဒီစိတ်နှစ်ခုကြောင့်လည်း အခက်ခဲတွေနဲ့ ရုန်းကန်နေတဲ့ ခင်ပွန်းကိုစိတ်ကုန်ပြီး
အားသာချက်ရှိတဲ့ဘက်ကူးသွားတတ်တာပါ။ မယူခင်ကတည်းစဉ်းစားကြပါ။ သစ္စာတရား ဦးထိတ်ပန်ပါ။ သစ္စာတရားဆိုတာ ခင်ပွန်းရှေ့ တင်သာ
မဟုတ်ပဲ ကွယ်ရာမှာလည်း ထားရမည့် အရာဆိုတာ သိထားရပါမယ်။

(၄) မိမိဘက်ဆွေမျိုး လင်ဘက်ဆွေမျိုးတို့၌ မျှမျှ တတ ပေးကမ်းရခြင်း၊
ဆွေမျိုးမိသင်္ဂဟတွေကို ပေးကမ်းစွန့် ကြဲခြင်းဟာလည်း မင်္ဂလာတစ်ပါးလို့ ဆိုထားပါတယ်။ ဒါကြောင့်လည်း ဆွေမျိုးတွေကို ပေးကမ်းချီးမြှောက်
တာလည်း လုပ်သင့်ပါတယ်။ မဟုတ်ရင် သူတို့ တွေ ပူပင်သောက ရောက်မှာပါ။ ထို အပူကလည်း မိသားစုဖြစ်တဲ့ မိမိတို့ နဲ့ လည်း သတ်ဆိုင်တာ
ပေါ့။ ပေးကမ်းချီးမြှောက်တဲ့နေရာမှာ ဆွေမျိုး နှစ်ဖက်ကို မျှတစွာ ပေးကမ်းရမှာပါ။ ကိုယ်ပေးရင်လည်း ခင်ပွန်းကို ပွင့်လင်းလင်း အသိပေးဖို့ လို
ပါတယ်။ ဒီလို အသိပေးနိုင်အောင်လည်း နားလည်မှုတွေ ယူထားရမှာပါ။ ဒါမှ အဆင်ပြေမှာပေါ့။ ဆွေမျိုးတွေ ကောင်းကောင်းနေရတော့ ကိုလည်း
စိတ်ချမ်းသာ ရတာပေါ့။

(၅) လုပ်ငန်းကိစ္စ အ၀၀၌ ပျင်းရိခြင်းကင်း၍ ကျွမ်းကျင်ရခြင်း။
ဇနီးလုပ်တဲ့သူတစ်ယောက် အနေနဲ့ အိမ်တွင်းမှု အတက်ပညာကို တတ်ကျွမ်းဖို့ လိုသည့်အပြင် ခင်ပွန်းသည်ရဲ့ အလုပ်တွေကိုလည်း စိတ်ပါဝင်စား
စွာ လေ့လာထားဖို့ လိုပါတယ်။ ခင်ပွန်းက အပြင်မှာ အလုပ်လုပ်၊ ဇနီးလုပ်တဲ့ သူကလည်း အိမ်အလုပ်တွေကို ထောက်စေ့အောင် တက်တက်ကြွ
ကြွ လုပ်မယ်ဆိုရင် ကျေနပ်စရာကောင်းတဲ့ နေ့ သစ်တွေပဲ ဖြစ်နေမှာပါ။ ခင်ပွန်းသည်ရဲ့ လုပ်ငန်းတွေကိုလည်း ဇနီးလုပ်တဲ့သူက အကြံဥာဏ်ပေး
နိုင်ရပါမယ်၊ ဒါမှာ မောင်တစ်ထမ်း၊ မယ်တစ်ရွက်ဆိုတာ ဖြစ်လာမှာပေါ့။ ပြီးတော့အပြင်က အစားသောက်တွေ ဘယ်လောက်လောက်ကောင်းကောင်း
ခင်ပွန်းသည်ဆိုတာ ကိုယ့်ဇနီးသည်ရဲ့ လက်ရာလေးတော့ စားချင်တာပါပဲ။ နောက်ဆုံး ငန်နေ၊ပေါ့နေ ရင်တောင် မကောင်းဘူး၊ မစားတော့ဘူးလို့ 
ဘယ်ယောက်င်္ကျား မှ မပြောပါဘူး။ သို့ ပေမယ့် အိမ်ထောင်ရှင်မ တစ်ယောက်ဖြစ်တဲ့အလျောက် ဒီအလုပ်တွေဟာ ပြောနေဖို့ မလိုအောင် တတ်
မြောက်ကျွမ်းကျင်ရမှာပါ။ အိမ်တွင်းလုပ်ဆိုတာ သိပ်ပင်ပန်းပါတယ်။ စနစ်တကျ လုပ်နေမည်ဆိုရင် ပြီးဆုံးသွားတယ် မရှိပါဘူး။ ဒါကြောင့် ပျင်းနေ
ဖို့  အချိန်မပေးပါနဲ့ ။ အမြဲ မိသားစု စိတ်ကျေနပ်အောင် လုပ်ဆောင်နေဖို့ လိုအပ်ပါတယ်။

ဆောင်ပုဒ်။ ။" အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမှု၊ ၀တ်ငါးဆူ၊ အိမ်သူ ကျင့်အပ်စွာ
" ။
ကမ္ဘာပေါ်မှာရှိသော အိမ်ထောင်ရေးတိုင်း သာယာ၊ အေးမြ၊ အဆင်ပြေ ကြပါစေ။

True Man

0 comments:

Post a Comment

နောက်ထပ်လင့်များ

wach movie

US Link

အနုပညာရှင်များ

မြန်မာ့ရုပ်မြင်သံကြား

SKY Net-TV

အွန်လိုင်း Video ကြည့်ရန်

Shwe Videos Burmese Classic

Font Converter

Font Converter

MCA Thailand Live

Watch live streaming video from mcathailand_live at livestream.com

Online Dictionary

Image Hosted by ImageShack.us Image Hosted by ImageShack.us

Color Code လွယ်ကူစွာရယူရန်

HTML COLOUR CODE လွယ်ကူစွာရှာရန်

အရောင်ရဲ့Code ယူရန် :