Thursday, June 4, 2015

Posted by ဖိုးခွားလေး
No comments | Thursday, June 04, 2015
"အာမိသပူဇာ၊ဓမ္မပူဇာ"
*****************

ဗုဒ္ဓဘာသာဝင်အပေါင်း
သူတော်ကောင်းအများတို့
ယနေ့သည်
သာသနာသက္ကရာဇ်-၂၅၅၈-၂၅၅၉ ၊ ကဆုန်လပြည့်နေ့
ဖြစ်ပါသည်။

အကျွန်ုပ်တို့၏မြတ်စွာဘုရားရှင်သည်>>>

၁။ဒီပင်္ကရာဘုရားထံမှဗျာဒိတ်တော်ခံယူရရှိတဲ့နေ့
၂။မွေးဖွားသန့်စင်သည့်နေ့
၃။ဘုရားအဖြစ်သို့ရောက်ရှိတော်မူသောနေ့
၎။မဟာဗုဒ္ဓဝင်တော်အားဟောကြားတော်မူသောနေ့
၅။ပရိနိဗ္ဗာန်ဝင်စံတော်မူသောနေ့
နေ့ထူးနေ့မြတ်ပင်ဖြစ်ပါသည်။
ထို့ကြောင့်>>>

အကျွန်ုပ်တို့သည်
ဤနေ့မြတ်၌
မြတ်စွာဘုရားရှင်အား
သက်ရှိထင်ရှားဘုရားကဲ့သို့
ရည်မှန်း၍
ဆွမ်းတော်၊ရေချမ်း၊ပန်း၊ဆီမီး
ဆက်ကပ်လှူဒါန်းခြင်း
ဘုရားပွင့်တော်မူရာ၊ဗောဓိညောင်ပင်အား
ရေသွန်းလောင်းခြင်း
ဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်အား
ရေသပ္ပါယ်တော်မူခြင်း
စသည်ဖြင့်ဗုဒ္ဓမြတ်စွာဘုရားအားအမျိုးမျိုးအဖုံဖုံ
ပူဇော်ကြပါသည်။
ထိုသို့ပူဇော်ခြင်းသည်
"အာမီသပူဇာ" နည်းဖြင့်
ပူဇော်ခြင်း ဖြစ်ပါသည်။
မြတ်စွာဘုရားရှင်အား
အာမိသပူဇာနည်းဖြင့်
ပူဇော်သည့်အပြင်
မြတ်စွာဘုရားဟောကြားတော်မူထားသည့်
ဓမ္မက္ခန္ဓာအားဖြင့်ရှစ်သောင်းလေးထောင်
ပိဋကတ်အားဖြင့်
သုတ်၊ဝိနည်း၊အဘိဓမ္မာ
(ပိဋကတ်သုံးပုံ)
တရားတော်မြတ်ကို
ဘုရားပရိနိဗ္ဗာန်ပြုပြီးနောက်
ဘုရားကိုယ်စားတော်အဖြစ်ထားတော်မူခဲ့
လေသည်။
ထို့ကြောင့်
ဗုဒ္ဓဘာသာဝင်သူတော်ကောင်းအပေါင်းတို့
မိမိတို့၏
ကောင်းသောကာယကံ-ပြုလုပ်မှု

ကောင်းသောဝစီကံ-ပြောဆိုမှု

ကောင်းသောမနောကံ-ကြံစည်မှုတို့ဖြင့်
ပြုမူ၊ပြောဆို၊ကြံစည်ပြီး
ဘုရားရှင်ဟောကြားတော်မူသောတရားတော်များကို
လေ့လာခြင်း
သင်ယူခြင်း
မှတ်သားခြင်း
နာကြားခြင်း
ပွားများခြင်း
ဆင်ခြင်အောက်မေ့ခြင်း
လိုက်နာခြင်း
ကျင့်သုံးခြင်း
ဟောပြောခြင်း
ရေးသားခြင်း
သင်ကြားခြင်း
မျှဝေခြင်း
စသည်ဖြင့်
ဤကဲ့သို့ပြုမူ၊ပြောဆို၊ကြံစည်
ခြင်းသည်
ဗုဒ္ဓမြတ်စွာဘုရားရှင်အား
"ဓမ္မပူဇာ" နည်းဖြင့်
အမြတ်ဆုံးပူဇော်သည်မည်၏။
************************
မြတ်စွာဘုရားပရိနိဗ္ဗာန်စံဝင်တော်မူခါနီး၌
မိန့်ကြားတော်မူ
သည်မှာ
"ချစ်သားအာနန္ဒာ ငါဘုရားအား
ပန်းတို့ဖြင့်ပူဇော်ခြင်း၊
နတ်၌ဖြစ်သောတူရိယာတို့ကိုတီးမှုတ်၍
ပူဇော်ခြင်း၊
နတ်၌ဖြစ်သောဂီတကိုသီဆို၍ပူဇော်ခြင်း၊
ဤကဲ့သို့ပူဇော်ခြင်းသည်
ငါဘုရားအား
အလေးပြုအပ်၊မြတ်နိုးအပ်
ပူဇော်အပ်သည်
မမည်သေး။
ချစ်သားအာနန္ဒာ
ဘိက္ခုဖြစ်စေ၊ဘိက္ခုနီဖြစ်စေ၊
ဥပါသကာယောက်ျားဖြစ်စေ၊
ဥပါသကာမိန်းမဖြစ်စေ၊
ငါဘုရားဆုံးမအပ်သောတရားတော်အတိုင်း
ကောင်းစွာကျင့်၍နေ၏။
ထိုသူတို့သည်သာ
ငါဘုရားအား
မြတ်နိုးရာ၊ပူဇော်ရာရောက်၏။
အလေးဂရုပြုသည်မည်၏။
စိတ်ဖြင့်မြတ်နိုးသည်မည်၏။
ကောင်းသောပူဇော်ခြင်းဖြင့်
ပူဇော်သည်မည်၏။
ထို့ကြောင့်
ဘိက္ခုဖြစ်စေ၊ဘိက္ခုနီဖြစ်စေ၊
ဥပါသကာယောက်ျားဖြစ်စေ၊
ဥပါသကာမိန်းမဖြစ်စေ၊
မည်သူမဆိုငါဘုရား၏သြဝါဒတရားကို
လိုက်နာပြုကျင့်၍
မိမိ၏စိတ်ကိုဆုံးမသော
အားဖြင့်ကြိုးစားရမည်။"်
copy" Face book

0 comments:

Post a Comment

နောက်ထပ်လင့်များ

wach movie

US Link

အနုပညာရှင်များ

မြန်မာ့ရုပ်မြင်သံကြား

SKY Net-TV

အွန်လိုင်း Video ကြည့်ရန်

Shwe Videos Burmese Classic

Font Converter

Font Converter

MCA Thailand Live

Watch live streaming video from mcathailand_live at livestream.com

Online Dictionary

Image Hosted by ImageShack.us Image Hosted by ImageShack.us

Color Code လွယ်ကူစွာရယူရန်

HTML COLOUR CODE လွယ်ကူစွာရှာရန်

အရောင်ရဲ့Code ယူရန် :