ဆံပင်နှင့်ဦးရေပြားအတွက် ကြက်သွန်နီ
_____
_____
ဆံပင်သန်၊ ဆံပင်ပြန်ပေါက်တဲ့ အိမ်တွင်းကုထုံးနည်းလေးရှိတယ်။ အဲဒါကတော့ ကြက်သွန်နီကို ရေလဲသုံးတာပါပဲ။
ကြက်သွန်နီက ဆာလဖာဓာတ် ပါဝင်မှု မြင့်မားနေသည့်အတွက် မွှန်တဲ့ အနံ့တော့ရှိတယ်။ ဆံပင်မကျွတ်တော့တဲ့အထိ၊ ဆံပင်ပြန်ပေါက်တဲ့အထိ
ဗောက်တွေပျောက်တဲ့အထိ သည်းခံ သုံးပေးနိုင်မယ်ဆိုရင်တော့
ဘေးကင်းတဲ့ဆေးတစ်ခုဖြစ်တယ်ဆိုတာကို ကျန်းမာရေးသတင်းများ စာမျက်နှာမှ သတင်းစကား ပါးချင်ပါတယ်။
ဗောက်တွေပျောက်တဲ့အထိ သည်းခံ သုံးပေးနိုင်မယ်ဆိုရင်တော့
ဘေးကင်းတဲ့ဆေးတစ်ခုဖြစ်တယ်ဆိုတာကို ကျန်းမာရေးသတင်းများ စာမျက်နှာမှ သတင်းစကား ပါးချင်ပါတယ်။
အသုံးပြုနည်း
(၁) ကြက်သွန်နီကို ထုထောင်း (သို့) Blender မွှေစက်နဲ့ကြိတ်ပြီး အ၀တ်သန့်သန့်ဖြင့် အရည်ညစ်ယူပါ။
((၂) အနံ့သက်သာပြီး အကျိုးအာနိသင်လည်း ပိုကောင်းလာအောင် သံပုရာသီး တစ်စိတ်လောက် ညစ်ထည့်ပါ။
(၃) ပျားရည် လက်ဖက်စားဇွန်းခန့် ရောစပ်ပါ။
(၄) ၄င်းကြက်သွန်နီအရည်နဲ့ ဦးရေပြားကို နှိပ်နယ်ပေး၊ လိမ်းခြယ်ပေးပါ။
(၅) အနည်းဆုံး နာရီဝက် သို့ တစ်နာရီခန့် လိမ်းထားပါ။
အပြင်သွားမယ်ဆိုရင် အနံ့မကျန်အောင် ခေါင်းလျှော်ရည်အမျိုးမျိုး သုံးနိုင်ပါတယ်။ အပြင်မထွက်ရင် ဒီထက်ကြာအောင် ထားပေးနိုင်ပါတယ်။
ကြက်သွန်နီ၏အရည်ကို လိမ်းပေးခြင်းဖြင့် သွေးလှည့်ပတ်မှု တိုးတက်လာမယ်။ ကြက်သွန်နီထဲက ဆာလဖာဓာတ်ဟာ ဆံပင်ကျန်းမာရေးအတွက် အကျိုးပြုမယ့် ကော်လာဂျင်ကို ထုတ်ပေးတယ်။ ဘက်တီးရီးယားကို နိုင်နင်းတဲ့ အစွမ်းသတ္တိကြောင့် ဦးရေပြားပေါ်က ကူးစက်ရောဂါတွေကိုလဲ ကာကွယ်ပေးနိုင်တယ်။
ပုံမှန်ကတော့ ဆံပင်ထူချင်လို့ ကြက်သွန်နီကို အသုံးပြုကြပေမယ့် နောက်ထပ်အစွမ်းတွေလဲ ရှိပါတယ်။ ဆံပင်မသန်၊၊ ဆံပင်ကျွတ်လွယ် စတဲ့ ဦီးရေပြားပြသနာတွေအတွက် ကောင်းမွန်တာပါပဲ။
ဦးခေါင်းထဲ Yeast infection ခေါ်တဲ့ စေးထန်းနေတာမျိုး၊ ဦးရေပြား မှိုတက်တာ၊ ဦးရေပြားမှာ ၀က်ခြံပေါက်တာ၊ ဗောက်တွေ ပေါက်တာမျိုးတွေကို ကုသ ပျောက်ကင်းစေပါတယ်။ ဦးရေပြား ခြောက်သူ၊ ဦးရေပြား အဆီထွက်သူတွေလဲ အလားတူ ပျောက်ကင်းသက်သာစေပါတယ်။
စောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား - Onion for hair growth
ကိုးကား - Onion for hair growth













Myanmar Kyat Converter






0 comments:
Post a Comment