Showing posts with label အတွေးစာစုများ. Show all posts
Showing posts with label အတွေးစာစုများ. Show all posts

Wednesday, July 15, 2015

Posted by ဖိုးခွားလေး
No comments | Wednesday, July 15, 2015

☆ ကိလေသာကို အထင်သေးလို့မရဘူး။ ရန်သူကို အထင်မသေးပါနဲ့။ ရန်သူ
ကိုအထင်သေးရင်တော့ရှုံးမှာပဲ။
☆ ငါတို့က စခန်းပွဲဘယ်နှစ်ခါဝင်ပြီးပြီ။ တရားဘယ်နှစ်ခွေနာပြီးပြီ။ ကိလေ
သာလောက်ကတော့ နိုင်ပါတယ်ဆိုပြီး လျှော့တွက်လို့ ရပါ့မလား။ လျှော့တွက်
ရင် မဟာအမှားပဲ။ အဲဒါဆိုရင်တော့ ကိလေသာက နိုင်တော့မယ်။ ပစ္ဆိမဘဝ
ဒါနောက်ဆုံးဘဝ၊ ပဋိသမ္ဘိဒါလေးပါးနဲ့ ရဟန္တာဖြစ်မဲ့ပုဂ္ဂိုလ်ကိုတောင် လှည့်စား
ပစ်တာ။ သူတော်ကောင်းအလုပ်ကို ကျကနနမလုပ်နိုင်ဘူး။
☆ ကိလေသာတွေက အခွင့်အရေးမရသေးလို့ ငြိမ်နေတာ။ ကိလေသာတွေ
က ကျားလိုပဲ။ ကျားက ချုံထဲမှာ ငြိမ်နေတာ။ သားကောင် သူ့နားမရောက်သေး
လို့ငြိမ်နေတာ။ သမင်တွေ ဒရယ်တွေ သူ့နားဖြတ်သွားပြီဆို ထအုပ်လိုက်တာ
ပဲ။ မလွတ်တော့ဘူး။

Saturday, May 12, 2012

Posted by ဖိုးခွားလေး
No comments | Saturday, May 12, 2012
လက်တစ်ချောင်းစီပေါ် ဝတ်ဆင်ထားတဲ့လက်စွပ်တွေမှာ မတူတဲ့အဓိပ္ပာယ်တွေရှိသတဲ့။ ပြောကြားချက်အရ ဘယ်ဖက်လက်သူကြွယ်မှာရှိတဲ့ သွေးကြောတစ်ချောင်းက နှလုံးသားနဲ့ဆက်သွယ်ထားတယ်။ ဒါကြောင့် မင်္ဂလာဆောင်တဲ့အခါ မင်္ဂလာဇနီးမောင်နှံက လက်ထပ်လက်စွပ်ကို ဘယ်ဖက်လက်သူကြွယ်မှာ ဝတ်ဆင်ပေးကြတယ်လို့ ဆိုပါတယ်။ အင်တာနက်ပေါ်မှာဖတ်ရတဲ့ လက်စွပ်ဝတ်ဆင်ပုံအကြောင်းကို ဘာသာပြန်မျှဝေလိုက်ပါတယ်။

လက်စွပ်ဝတ်ဆင်တဲ့ ဘယ်ဖက်လက်နဲ့ ညာဖက်လက်ရဲ့ အဓိပ္ပာယ်တွေက....

ညာဖက်လက်သန်း ---------- ချစ်သူ ရည်းစားမထားချင်ပါ
ညာဖက်လက်သူကြွယ် ------ ချစ်ကြိုက်နေတယ်။
ညာဖက်လက်ခလယ် ------- ပိုင်ရှင်ရှိတယ်
ညာဖက်လက်ညှိုး ---------- တစ်ကိုယ်ရေတစ်ကာယ

ဘယ်ဖက်လက်သန်း ------------ အိမ်ထောင်မပြုပါ
ဘယ်ဖက်လက်သူကြွယ် -------- လက်ထပ်ပြီး
ဘယ်ဖက်လက်ခလယ် --------- စေ့စပ်ထားတယ်
ဘယ်ဖက်လက်ညှိုး ------------ အိပ်ထောင်မပြုရသေးပါ



Tuesday, February 14, 2012

Posted by ဖိုးခွားလေး
No comments | Tuesday, February 14, 2012
ကိုယ်နှစ်သက်မက်မောတဲ့ အရာတစ်ခုကို..

သူတစ်ပါးလည်း နှစ်သက်မက်မောမှာပဲဆိုတဲ့ ..

စာနာတန်ဖိုးထားမှုကလေးနဲ့ ..

လက်ဆောင်အဖြစ်ပေးကြည့်လိုက်ပါ..

အဲဒီအရာကလေးကို ကိုယ်အသုံးပြုချိန်တိုင်းမှာ..

ကိုယ်ပျော်ရွှင်ကျေနပ်နေတဲ့ ပီတိမျိုး..

သူလည်းထပ်တူခံစားမိမှာပါ..။

ကိုယ်မနှစ်သက်နှိုင်တဲ့ အရာတစ်ခုကို..

တစ်ပါးသူကိုလည်း ဘယ်သောအခါမှ မပေးမိပါစေနဲ့ ..

သူလည်းနှစ်သက်မှာမဟုတ်ပါဘူး..။
 
 လွန်းထားထား(ဆေးတက္ကသိုလ်)
Posted by ဖိုးခွားလေး
No comments | Tuesday, February 14, 2012
စွန့်စားရဲဖို့  တွေဝေတွန့်ဆုတ်နေတာဟာ..

ကိုယ့် ရဲ့ စိတ်နှလုံးမှာတွယ်ကပ်နေတဲ့ ..

''ကြောက်ရွံ့စိတ်'' ဆိုတဲ့ အမြှေးပါးကလေးကြောင့်ပါ..။

အဲဒီအမြှေးပါးကလေးကို ဆွဲခွါပစ်လိုက်နှိုင်ရင်..

စွန့်စားကြည့်ဖို့ မကြောက်ရွံ့ တော့ ပါဘူး..။

ပထမအကြိမ်သိပ်ခက်ခဲတယ်လို့ ထင်ရတဲ့ ..

စွန့်စားမှုတစ်ခုဟာ..

ဒုတိယအကြိမ်မှာ အလွယ်တကူဖြစ်နေမှာပါ..။
လွန်းထားထား(ဆေးတက္ကသိုလ်)
Posted by ဖိုးခွားလေး
No comments | Tuesday, February 14, 2012
လူနှစ်မျိုးရှိပါတယ်..

တစ်မျိုးက ကိုယ့် ကိုကိုယ်ပိုအရေးထားဦးစားပေးတတ်ပြီး..

ကျန်တစ်မျိုးကတော့ ..

သူတစ်ပါးကို အရေးထားဦးစားပေးတတ်သူပါ..

ကိုယ့် ကိုကိုယ်သာတန်ဖိုးထားတတ်သူက..

တခြားသူကို သူဖြစ်စေချင်သလို ပြောင်းလည်းပုံသွင်းယူပြီးချစ်တတ်သူပါ.။.

သူတစ်ပါးကို တန်ဖိုးထားတတ်သူကတော့ ..

လူတစ်ယောက်ကို သူ့ပကတိအရှိအတိုင်းကိုသာချစ်ခင်မြတ်နိုးတတ်ပါတယ်..။
 လွန်းထားထား(ဆေးတက္ကသိုလ်)

နောက်ထပ်လင့်များ

wach movie

US Link

အနုပညာရှင်များ

မြန်မာ့ရုပ်မြင်သံကြား

SKY Net-TV

အွန်လိုင်း Video ကြည့်ရန်

Shwe Videos Burmese Classic

Font Converter

Font Converter

MCA Thailand Live

Watch live streaming video from mcathailand_live at livestream.com

Online Dictionary

Image Hosted by ImageShack.us Image Hosted by ImageShack.us

Color Code လွယ်ကူစွာရယူရန်

HTML COLOUR CODE လွယ်ကူစွာရှာရန်

အရောင်ရဲ့Code ယူရန် :