Android Application ရေးသားနည်း အပိုင်း (၁)
Android ဆိုရင်..လူတိုင်းစိတ်ဝင်စားကြပါတယ်။ IOS နဲ့ ယှဉ်လိုက်ရင်.. Android က...free ရတာများပါတယ်။ Open Source ဖြစ်တဲ့အတွက်..စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။ Android
Android ဆိုတာဘာလဲ
Android ဆိုတာ..ကြိုးမဲ့ဆက်သွယ်ရေးကိရိယာများအတွက်... ဦးတည်ပြီး ဒီဇိုင်းထုတ်လုပ်ထားသော ၊ အများနားလည်လွယ်ပြီး..မည်သူမဆိုယူသုံးနိုင်သည့်.. Open Source Platform တစ်ခုပါ။ Android ကို Google မှပြည့်စုံသည့်အဆင့်ရောက်အောင်.. မွမ်းမံပြီး.. Open Handset Alliance ( OHA ) မဟာမိတ် အုပ်စုမှ..ပိုင်ဆိုင်ပါတယ်။ OHA ၏ရည်ရွယ်ချက်က.
.wireless device များကို..ပိုမိုဆန်းသစ်ရန်နှင့်.. အသုံးပြုသူများအား..ပိုမိုစုံလင်ပြီးဈေးသက်သာသည့်.. wireless device
များဖန်တီးပေးရန်ဖြစ်ပါတယ်။ Android သည် Linux ပေါ်တွင်..အခြေခံထားပါသည်။
Linux ပေါ်တွင်အခြေခံရခြင်းမှာ.. ပေါ့ပါးခြင်း ၊ portability ၊ လုံခြုံခြင်း
security နှင့် features စုံလင်မှုတို့ကြောင့်ပါ ။

.