မိမိတို့ရဲ့ Desktop ပေါ်မှာ Lock ချတဲ့ Shortcut လေး တစ်ခုလောက် လုပ်ကြရအောင်။ လုပ်နည်းလေးကတော့ အောက်ကအတိုင်းပါပဲ။
ပထမအဆင့်
၁ Desktop ပေါ်မှာ Right Click လုပ်။ New မှ Shortcut ကို ရွေး။
၂ Shortcut Wizard Box ပေါ်လာရင် အောက်က ကုဒ်တွေကို ကူးထည့်လိုက်။
%windir%\System32\rundll32.exe user32.dll,LockWorkStation
၃ ပြီးရင် Next ။ ဖိုင်နာမည်ကို Lock လို့ ပေးလိုက်ပါ။ Finish ။
Read more:
http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A120817&xgs=1&xg_source=msg_share_post#ixzz1uiUTjMko
ဒုတိယအဆင့်
၁ အဲဒီ Shortcut ရဲ့ Icon ကို ပြောင်းလဲမှာ ဖြစ်တဲ့အတွက် Icon ပေါ်ကို Right Click လုပ်။ Properties ကို ရွေး။
၂ ပြီးရင် Change Icon ကို ကလစ်လုပ်။
၃ look for icons in this file ဆိုတဲ့ အကွက်မှာ %SystemRoot%\system32\SHELL32.dll ရိုက်လိုက်။
၎ ပုံတွေပေါ်လာရင် Lock ပုံလေးရွေးပါ။ ပြီးရင် Ok ။
ဒါဆိုရင် မိမိတို့ရဲ့ Desktop ပေါ်မှာ Lock Shortcut လေး ရှိနေတော့မယ်။ ၀င်းဒိုးကို အလွယ်တကူ Lock ချခဲ့လို့ရမယ်။ ဒီထက် လွယ်ချင်ရင်တော့ Window Key + L Key ကိုသာ နှိပ်လိုက်ပါ။ ပိုမြန်ပါတယ်။
www.mm-flashsongs.com ဆိုဒ်မှယူခဲ့သည်။
0 comments:
Post a Comment