ကွန်ပြူတာ ဖွင့်တာကြာနေသူများ နှင့် ကွန်ပြူတာ မြန်မြန် ဖွင့် ၊ ပိတ် လုပ်ချင်သူတွေအတွက်ပါခင်ဗျာ.....
တချို့ ကွန်ပြူတာတွေဟာ စက်ဖွင့်လိုက်ပြီဆိုတာ နဲ့ ဝင်းဒိုးပွင့် ဖို့ အရေး မိနစ် ၃၀ လောက် ထိုင်စောင့်နေရပါတယ် ... အဲဒီလို အချိန်အကြာကြီးထိုင်စောင့် နေခြင်းမှ အနည်းငယ် သက်သာသွားစေဖို့  ခုဒီနည်းလေးကို သုံးလိုက်ပေါ့နော် ... ဒီနည်းက ကွန်ပြူတာ နှေးနေတာကို မြန်အောင်လုပ်မပေးနိုင်ပါဘူး .. ကွန်ပြူတာ အဖွင့်အပိတ် မြန်အောင်လုပ်နည်းလေးပါ.... ကွန်ပြူတာ အလုပ်လုပ် တာနှေးနေတာကိုမြန်အောင်လုပ်နည်းကို ဒီနေရာလေးမှာတင်ပေးထားပါတယ်
အသုံးပြုပုံကို ပုံနဲ့ တကွ အသေးစိပ် ဖော်ပြပေးလိုက်ပါတယ်
ပထမဦးစွာ windows + R မလုပ်တတ်ရင် start မှ run သို့ သွားပါ ၊၊ run တွင်regedit ကို ရိုက်ပါ။ အောက်ပုံok သို့  Enter ပေါ့ အောက်ကပုံအတိုင်း ထပ်ပေါ် လာရင် yes ကိုနိုပ်ပေးလိုက်ပါ ... မပေါ်တဲ့ကွန်ပြူတာတွေလဲရှိတတ်ပါတယ်
ဝင်းဒိုလေး တက်လာလိမ့်မယ် အဒီထဲမှာ hkey local machine ကိုရှာပါ ၊ တွေ့ ပြီဆိုရင်ဖွင့်လိုက်ပါ ၊ အောက်ပုံပြီးရင် system ကိုထပ်ရှာပြီး ဖွင့်ပါ နောက်ထပ် current control set ပြီးရင် နောက်ထပ် control ကိုထပ်ဖွင့်ပါ ..အောက်ပုံကိုကြည့်ပါပြီးရင် session manager ကိုထပ်ရှာပါ control ရဲ့အောက်ဆုံး နားလောက်မှာရှိပါတယ်၊ တွေ့ ပြီ ဆိုရင် အပေါ်ကနည်းအတိုင်း ထပ်ဖွင့်ပြီး memory management ကိုဖွင့်လိုက်ပါ ၊၊ အောက်ပုံကိုကြည့်ပါအဲထဲက ဖိုင် ၂ ခုထဲက အပေါ်က prefetchparameters ဖိုင်ကို ၁ချက် ကလစ်ပြီး ယာဘက်ကွပ်လပ် ထဲက Enable prefetcher
ကို ရှာပါ ၊ အောက်ပုံ
ပြီးရင် Enable prefetcher ကိုထောက်ပြီး ယာ ကလစ် တစ်ချက် ပေးလိုက်ပါ ၊ Modify.. ကိုနိုပ်လိုက်ပါ . value data ကို 5လုပ်ပြီး ok နဲ့ ထွက်လိုက်ပါ .. အောက်ပုံကိုကြည့်ပါ
ပြီးပါပြီ ၊ restart လုပ်ချင် လုပ်နိုင်ပါတယ် မလုပ်လဲ ရပါတယ် ...၊၊
ကျွန်တော် နားလည်သလို ဝေမျှ ပေးလိုက်တာပါ .. အမှားပါရင် ခွင့်လွှတ် နားလည် ပေးကြပါ လို့  မေတ္ထာ ရပ်ခံပါတယ် ....
နတ်သားလေးထံမှ ရယူခဲ့သည်။

0 comments:
Post a Comment