တစ်ခါတုန်းကပေါ့ -- အသက်အရွယ်ကြီးရင့်လာပြီဖြစ်တဲ့
လက်သမားဆရာကြီးတစ်ယောက်ဟာ အသက်အရွယ်အရသော်လည်းကောင်း
အေးအေးလူလူနေချင်တဲ့အတွက်ကြောင့်လည်းကောင်း
အနားယူချင်နေခဲ့တယ် ။ လက်သမားဆရာက သူ့နဲ့စာချုပ်ချုပ်ထားတဲ့အလုပ်ရှင်ကိုသူ့ရဲ့
အကြံကိုပြောပြတယ် ။ အိမ်ဆောက်တဲ့လုပ်ငန်းကနေ အနားယူချင်ပြီး သူ့ဇနီးနဲ့
သူ့မိသားစု တွေနဲ့အတူတူ ပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀မှာ
နေထိုင်သွားလိုကြောင်းပေါ့ ။ ဒါပေမယ့် လက်သမားဆရာကြီးက သူ့အလုပ်ရှင်ကို
စာချုပ်အရရော အကြွေးတွေကျန်နေသေးတယ် ဒါပေမယ့် သူ အမှန်တကယ်ကို
အနားယူချင်နေခဲ့တယ် ။ အလုပ်ရှင်က ဒီလို တော်တဲ့လက်သမားဆရာကြီးဆီက
အနားယူမယ်ဆိုတဲ့စကားကြားရတဲ့အခါ စိတ်မကောင်းဖြစ်သွားတယ် ။ ပြီးတော့
လက်သမားဆရာကိုပြောတယ် ။ “ လူမှုရေးအရဖြစ်စေ ကျွန်တော့်ကို အိမ်တစ်လုံးလောက်
နောက်ဆုံးအနေနဲ့ဆောက်ပေးနိုင်မလား ” လက်သမားဆရာကြီးက “
ကောင်းပါပြီ ” လို့ပြောလိုက်တယ် ။ ဒါပေမယ့် တကယ်
နောက်ဆုံးအိမ်ကိုဆောက်တဲ့အခါ လက်သမားဆရာကြီးဟာ သူ့ရင်ထဲ နှလုံးသားထဲကနေ
စိတ်မပါတော့ဘူး ။ နောက်ဆုံးအိမ်ဖြစ်တဲ့အတွက် စေတနာလည်းလျော့ရဲသွားသလို
စိတ်ကလည်းအနားယူချင်စိတ်သာစိုးမိုးနေခဲ့တယ် ။ သူဟာ
စိတ်မပါတဲ့အတွက် နောက်ဆုံးသူဆောက်ရမယ့်အိမ်ကိုလည်း ကရော်ကမယ်
အဖြစ်လောက်ပဲ ဆောက်လုပ်ခဲ့တယ် ။
အိမ်ဆောက်ပစ္စည်းတွေကိုလည်း အရည်အသွေးညံ့တဲ့ပစ္စည်းတွေကိုပဲသုံးခဲ့တယ် ။ ဒီလိုနဲ့လက်သမားဆရာကြီးဟာ နောက်ဆုံးအိမ်ကို ဆောက်လုပ်ပြီးစီးသွားခဲ့တယ် ။ အလုပ်ရှင်က အိမ်ကို လာကြည့်ပြီး လက်သမားဆရာကြီးကိုလက်ဆွဲနှုတ်ဆက်လိုက်တယ် ။ ပြီးတော့ အိမ်သော့ကိုယူပြီး “ ဒါဟာ ခင်ဗျားရဲ့အိမ်ပါပဲ -- ကျွန်တော်ခင်ဗျားကို နောက်ဆုံးအနေနဲ့လက်ဆောင်ပေးတာပါ ” လို့ပြောလိုက်တယ် ။ ---------------------------------------- ဘယ်လောက်အံ့သြစရာကောင်းသလဲ ။ ဘယ်လောက်ရှက်စရာကောင်းသလဲ ။
အကယ်၍သာ လက်သမားဆရာကြီးက သူ့အတွက်ပေးမယ့်အိမ်မှန်းသာ သိရင်သူပိုင်ဆိုင်ရမယ့်အိမ်မှန်းသာသိရင် သူဟာ လက်ရှိဆောက်ထားတဲ့အိမ်နဲ့မတူတဲ့ ကောင်းမွှန်သပ်ရပ်တဲ့အိမ်ကို ဆောက်လုပ်မှာအမှန်ပါပဲ ။ အခုတော့ သူဆောက်လုပ်ထားတဲ့သိပ်မကောင်းမွန်တဲ့အိမ်ကလေးမှာပဲ သူနေရတော့မှာ သူပိုင်ဆိုင်ရတော့မှာဖြစ်တယ် ။ ကျွန်တော်တို့ရော ?? ကိုယ့်အတွက် အကျိုးမရှိဘူး ကိုယ့်မပိုင်ရဘူး ဆိုပြီးအဖြစ်သဘော အလုပ်သဘောလုပ်ခဲ့တာတွေ ရှိနေမလား ? ကျွန်တော်တို့ဘ၀မှာရော ဘယ်လိုအရာမျိုးတွေကို တည်ဆောက်ခဲ့ကြသလဲ ။
ကိုယ့်အတွက် မဟုတ်ဘူးဆိုရင် ကောင်းကောင်းမွန်မွန်မလုပ်ဘူး ကောင်းကောင်းမွန်မွန်မဆက်ဆံဘူး အပြုသဘော အဖြစ်သဘောတွေများ လုပ်ခဲ့ကြသလား ။ တကယ်တော့လောကကြီးမှာ ဘာအလုပ်ပဲလုပ်လုပ်ကိုယ့်အလုပ်လို ကိုယ့်အကျိုးစီးပွားလို သဘောထားပြီး အကောင်းမွန်ဆုံးလုပ်ဆောင်ပါ ။ ကိုယ်မပိုင်ရဘူး ကိုယ့်အတွက်မဟုတ်ဘူးဆိုပြီး ဘာကိုမှ ဖြစ်ကတတ်ဆန်းမလုပ်မိပါစေနဲ့ ။ ကိုယ်က အဖြစ်သဘောနဲ့လုပ်ခဲ့တဲ့အရာတွေဟာ နောင်တစ်ချိန်မှာ ကိုယ့်အတွက် အရှက်ရစရာတွေဖြစ်နေတတ်တယ် ။
“ တကယ်တော့ ကျွန်တော်တို့အားလုံးဟာ ကိုယ်ဖန်တီးတဲ့ ကိုယ်ပြုလုပ်တဲ့အိမ်ကလေးအတွင်းမှာပဲ နေထိုင်ကြရတာပါ ”
သက်တန့်ချို
How are you building your life?

0 comments:
Post a Comment