Monday, December 21, 2015

Posted by ဖိုးခွားလေး
No comments | Monday, December 21, 2015
သဘာဝ ခြင်နိုင်ဆေး
------------------------
ခြင်ဆေးခွေ၊ ပိုးသတ်ဆေး၊ မှုတ်ဆေး၊ ဖျန်းဆေးစတဲ့ ဓါတုဗေဒဆေးများ၏ အနံ့ကြောင့် နှာခေါင်းကင်ဆာနှင့် အခြား ဘေးထွက်ဆိုးကျိုးများမှ
ကင်းဝေးရန် အောက်ပါသဘာဝဆေးနည်းဖြင့် ခြင်အန္တရာယ်ကို ကာကွယ်နိုင်ကြပါသည်။ 


လက်တွေ့သုံးကြည့်ပြီး ထိရောက်မှုရှိသူများကတော့
နှစ်သက်သဘောကျနေကြပါတယ်။ အခုဆိုရင် နိုင်ငံခြားသားများကလည်း သဘာဝဆေးနည်းများကို ပိုမိုသုံးစွဲလာနေကြပါပြီ။ 
ခြင်ပေးစေမည့် လေးညှင်းသံပုရာလုပ်နည်း
၁။ သံပုရာသီး ၁ လုံးကို ၄ ကွင်းရအောင် လှီးလိုက်ပါ။ 
၂။ သံပုရာသီး ၈ ကွင်း (၂ လုံးစာ) လှီးထားပြီးလျှင် အစေ့များကို ဖယ်ပစ်ပါ။ 
၃။ ပုံထဲမှာ ပြထားသည့်အတိုင်း လေးညှင်းပွင့်လေးများကို သံပုရာကွင်းပေါ်ကို စိုက်ထားပါ။ အတွင်းထဲကို ၀င်နေအောင် စိုက်ပေးပါ။ 
၎။ သံပုရာကွင်းများကို ဗန်းတစ်ခုပေါ်တင်ပြီး ခြင်ပေါသည့်နေရာမှာ ချထားပေးပါ။ 
၅။ တစ်နေရာတည်း မထားလိုပါက အကွင်းလိုက်ယူ၍ ခြင်ပေါသည့်နေရာများမှာ လိုက်ပြီး ချထားပါ။ 
သံပုရာသီးနှင့်- လေးညှင်း၏ စူးရှပြင်းထန်သည့် ဓါတ်ပြုအနံ့တစ်ခုကြောင့် ခြင်များ မခံနိုင်၍ ပြေးပါလိမ့်မည်။
သံပုရာသီး၏ အနံ့သည် အများဆုံး ၃ ရက်သာ ခံပါသည်။ သံပုရာသီးခြောက်သွားသည့်အခါ အရည်ပြန်ထွက်လာအောင် ဖိညှစ်ပေးပြီး
ပြန်ထားပေးနိုင်ပါသည်။ သို့မဟုတ် အသစ်တစ်ခု ပြန်လဲပေးနိုင်ပါသည်။ 
ခြင်အန္တရာယ်နှင့် မီးဘေးအန္တရာယ်တို့မှ ကင်းဝေးပြီး အေးချမ်းစွာ နေနိုင်ကြပါစေ။
ဦးနေဆိုင် (ပူတာအို) ကျန်းမာရေးသတင်းများ
ကိုးကား ။ ။ ယဉ်ယဉ်နိုင်မောင်

0 comments:

Post a Comment

နောက်ထပ်လင့်များ

wach movie

US Link

အနုပညာရှင်များ

မြန်မာ့ရုပ်မြင်သံကြား

SKY Net-TV

အွန်လိုင်း Video ကြည့်ရန်

Shwe Videos Burmese Classic

Font Converter

Font Converter

MCA Thailand Live

Watch live streaming video from mcathailand_live at livestream.com

Online Dictionary

Image Hosted by ImageShack.us Image Hosted by ImageShack.us

Color Code လွယ်ကူစွာရယူရန်

HTML COLOUR CODE လွယ်ကူစွာရှာရန်

အရောင်ရဲ့Code ယူရန် :