Monday, December 21, 2015

Posted by ဖိုးခွားလေး
No comments | Monday, December 21, 2015
ဘာ့ကြောင့် ခါးနာရတာလဲ ?


----------
ယနေ့ လူသားများ ခံစားရလေ့ ရှိသော ဝေဒနာမှာ ခါးနာခြင်း ဖြစ်တယ်။ အထူးသဖြင့် တင်ပါးဆုံ အထက် နာကျင်ခြင်း ဝေဒနာနှင့် အတူ ဆေးရုံ၊ ဆေးခန်းများကို ရောက်လာ ကြတယ်။
ပညာရှင်များ အဆိုအရ လူ ၁ဝ ဦးမှာ ရှစ်ဦးက ခါးနာတတ်တယ်။ အမေရိကန် ပြည်ထောင်စုမှာ ခါးနာဝေဒနာ ခံစားရသူ ခုနစ်သန်း ရှိတယ်။ ငါးသန်းဟာ လုပ်ငန်းခွင် ပျက်ကွက်နေပြီး နှစ်သန်းခန့်ဟာ လုံးဝ အလုပ် လုပ်ကိုင်နိုင်အောင် ဒုက္ခရောက်နေ ကြတယ်။

ခါးနာခြင်းဟာ ကျား၊ မ အသက်အရွယ် မရွေး ဖြစ်ပွားတတ်တယ်။ ခါးနာတဲ့ ဝေဒနာကြောင့် မတ်တတ်ရပ် စာရေးရတာ၊ အိပ်ရာထဲ အမြဲဆန့်ဆန့် လှဲနေတာ၊ လေ့ကျင့်ခန်းလုပ်၊ အနားယူတာ တွေ့ရတယ်။ ယင်းရောဂါကြောင့် စီးပွားရေး ထိခိုက်မှု မနည်းလှပါ။
အမေရိကန်မှာ ခါးနာ ဝေဒနာကြောင့် တစ်နှစ် ကုန်ကျငွေ အမေရိကန် ဒေါ်လာသန်း ၅ဝဝဝ ကျော်ရှိတယ်။
ယနေ့ခေတ် လူသားများ အချိန်မရွေး ခါးနာတတ်တယ်။ ကားစီးရင်၊ အလေးမရင်၊ ဒေါက်ဖိနပ် စီးရင်၊ သွားရင်းလာရင်း ခါးနာတတ်တယ်။ အခန့်မသင့်ရင် ဆေးရုံ တက်ရသည် အထိ ဆိုးရွားတတ်တယ်။
ခါးနာရတဲ့ အကြောင်းအရင်းမှာ ခါးကုန်းရာက လက်မောင်းကို တစ်ဖက်စောင်းပြီး ကိုယ်ပါ လှည့်လိုက်မိခြင်း၊ ကလေးကို ခါးပေါ်တင်ပြီး အချိန်ကြာအောင် ချီပိုး ထားခြင်း၊ မှောက်လျက် အိပ်ပျော်ခြင်း၊ တစ်ဆက်တည်း နာရီပေါင်း များစွာ ကားမောင်းနေခြင်း၊ ရှိသင့်သည်ထက် အလေးချိန် ပိုများခြင်း၊ ဘီအမ်အိုင်များခြင်း၊ ဖိနပ်စီးခြင်း သို့မဟုတ် အမျိုးသမီး ဖြစ်ပါက အချိန်ကြာအောင် စီးခြင်း၊ ခါးနာတတ်သူ ဖြစ်သော်လည်း အလေးမခြင်း တို့ကြောင့် ခါးနာတတ်တယ်။
ခါးနာပါက အိပ်ရာထဲ လုံးဝ အနားယူခြင်းနှင့် အုတ်ခဲဆွဲခြင်းများ ပြုလုပ်ရမယ်။ အချို့ အရိုးသမားတော် များက အိမ်သာ သွားချိန်နှင့် စားချိန်မှလွဲ၍ အိပ်ရာထဲ၌ နားနေရန် ညွှန်ကြားတတ်တယ်။
ခါးမနာအောင် မှန်မှန်လုပ်သင့်တဲ့ လေ့ကျင့်ခန်း များမှာ ရူပဗေဒ ပညာရှင်များ အကြံပေးချက် အရ (၁) ကုလားထိုင် နောက်ကို လက်နှင့် ကိုင်ထားပြီး ခြေမနှစ်ဖက်ပေါ် ရပ်ကာ ထိုင်ထ ပြုလုပ်ခြင်း၊ (၂) ထိုင်ပြီး လက်ထိပ်ဖြင့် ခြေမထဲ ရောက်အောင် ဆန့်ထုတ်ခြင်း၊ (၃) ခြေထောက် တစ်ဖက်ကို ဒူးမှကွေးထားပြီး ခန္ဓာကိုယ် တစ်ခုလုံးရှေ့ကို ရောက်အောင် ဆွဲဆန့်ခြင်း၊ (၄) ကုလားထိုင်ပေါ် ထိုင်နေရာမှ ခန္ဓာကိုယ် အထက်ပိုင်းကို အောက်သို့ လျှော့ချခြင်းနှင့် (၅) ပက်လက်အိပ်စဉ် ဒူးနှစ်ဖက်ကို ရင်ဘတ်သို့ ထိအောင် ဆန့်ထုတ်ခြင်း တို့ဖြစ်တယ်။
ရှောင်ရန် အချက်များမှာ အချိန်ကြာကြာ တစ်ဆက်တည်း ထိုင်မနေရ။ လေးလံသော ပစ္စည်းများကို ခါးကုန်းပြီး အားပြု မချီခြင်း မပြုရ။ အိပ်သည့်အခါ အိပ်ရာတွင် ဆန့်ဆန့်နေပါ။ ပျော့သော အိပ်ရာနှင့် မအိပ်ရ။ ဒေါက်မြင့်ဖိနပ် မစီးရ။ ခရီးဝေး ကားမောင်းလျှင် တစ်နာရီ တစ်ခါ ကားပေါ်ကဆင်း၍ လမ်းလျှောက်ရန်၊ တစ်နေရာတည်းတွင် အကြာကြီး လမ်းမလျှောက်ရ။ ဈေးခြင်းတောင်းကို အကြာကြီး ဆွဲမထားရ။ မတ်တတ်ရပ်သည့် အခါ လက်ပြင်မကုန်းရ။ အလွန်မြင့်သော နေရာမှ ပစ္စည်းယူလျှင် ကုလားထိုင်ဖြင့် ယူရန်။ မရမက လှမ်းမယူသင့်ပါ။ ဖိနပ်ဟောင်းခုံ တစ်ဖက် စောင်းနေပါက စွေစောင်းသော ဖိနပ်ကြောင့် ခါးနာတတ်သည်။ အလုပ်နှစ်ခု တစ်ပြိုင်တည်း မလုပ်ရ။ ပခုံးနှင့်ချိတ်၍ ဖုန်းမပြောရ။ ခါးကြော လေ့ကျင့်ခန်းများ မှန်မှန် လုပ်သင့်တယ်။
ခါးနာတတ်တဲ့ လူနာများ အနေဖြင့် အလေးမ မရန်၊ အိပ်ရေးပျက် မခံရန်၊ အလုပ်တစ်ခုကို ထိုင်လျက် တောက်လျှောက် မလုပ်မိစေရန်နှင့် နေ့စဉ် နာရီဝက် လေ့ကျင့်ခန်း (အပြေး၊ လမ်းလျှောက်) များကို လုပ်သင့်ပါတယ်။
MJ M 
ကျန်းမာရေးသတင်းများ

0 comments:

Post a Comment

နောက်ထပ်လင့်များ

wach movie

US Link

အနုပညာရှင်များ

မြန်မာ့ရုပ်မြင်သံကြား

SKY Net-TV

အွန်လိုင်း Video ကြည့်ရန်

Shwe Videos Burmese Classic

Font Converter

Font Converter

MCA Thailand Live

Watch live streaming video from mcathailand_live at livestream.com

Online Dictionary

Image Hosted by ImageShack.us Image Hosted by ImageShack.us

Color Code လွယ်ကူစွာရယူရန်

HTML COLOUR CODE လွယ်ကူစွာရှာရန်

အရောင်ရဲ့Code ယူရန် :