Monday, December 21, 2015

Posted by ဖိုးခွားလေး
No comments | Monday, December 21, 2015
နှာစေးခြင်း၊နှာပိတ်ခြင်းများအတွက် အိမ်တွင်းကုထုံး
____
အသက်ရှုဖို့ လေကို ရှူသွင်းလိုက်ချိန်မှာ တခုခု ပိတ်ဆို့နေသလို ခံစားရပြီး အခက်အခဲ ကြုံလိုက်ရတဲ့အခါ နှာပိတ်တယ် လို့ ခေါ်ဆိုကြပါတယ်။ အဲလို နှာပိတ်ချိန်မှာ နှာခေါင်းပေါက်အတွင်းမှာ အချွဲတွေနဲ့ ပိတ်ဆို့နေတတ်တာပါ။တခါတလေ နှာပိတ်လွန်းလို့ ခေါင်းပါကိုက်ခဲလာတဲ့အထိ ခံစားချက်က ဆိုးရွားတတ်ပါတယ်။ အဲလို ကြုံလိုက်ရပြီဆိုရင်တော့ အိမ်က မီးဖိုချောင်ထဲကိုသာ အပြေးသွားပြီး နှာရည် အမြန်ပျော်ကျပြီး အသက်ရှူလွယ်အောင် လုပ်ပါလေတော့။ နည်းလမ်းတွေကိုတော့ ကျနော်တို့ ကျန်းမာရေးသတင်းများ ပေ့ခ်ျကနေ မျှဝေပေးလိုက်ပါရစေနော။


(၁) အပူအစပ် စားစရာတွေ
ပူပူစပ်စပ် အစားအစာတွေကို ကြိုက်နှစ်သက်တတ်သူ ဆိုရင်တော့ အစာလဲ စားရင်း ဝေဒနာလဲ သက်သာတဲ့နည်းက အတော့်ကို အဆင်ပြေလှပါတယ်။ အပူအစပ် အရသာရှိတဲ့ အစားအသောက်တွေကို စားသုံးရတာဟာ နှာခေါင်းထဲမှာ ပိတ်ဆို့နေတဲ့ အချွဲအခဲတွေကို အလွယ်တကူပဲ ပျော်ဝင်ကျဆင်းစေပါတယ်။ နှာပွင့်သွားပြီဆိုတာနဲ့ ချက်ချင်းပဲ နေရထိုင်ရ ပေါ့ပါးသွားမှာပါ။
(၂) ခရမ်းချဉ်သီး ဖျော်ရည်ပူပူလေး
နှာပိတ်တာတွေ သက်သာအောင် ခရမ်းချဉ်သီး ဖျော်ရည် ပူပူလေးကို တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။ ဖျော်ရည်လုပ်နည်းကလဲ သိပ်မခက်လှပါဘူး။ ခရမ်းချဉ်သီး ၄-၅ လုံးလောက်ကို ပါးပါးလှီးထားပြီး ကြက်သွန်ဖြူ စဉ်းထားတာ တဇွန်းစာလောက်၊ သံပုရာရည် တဇွန်း၊ ဆားနည်းနည်း၊ ငရုတ်နှစ် နဲနဲ (အစပ်စားနိုင်သူတွေဆို တဇွန်းစာလောက်အထိ) ထည့်ပြီး ဆူအောင်တည်ပြီး သောက်ပေးတာပါ။
(၃) ပန်းသီးအရက် ရှာလကာ
Apple Cider Vinegar လို့ ခေါ်တဲ့ ပန်းသီးအရက် ရှာလကာဟာ ပိတ်ဆို့နေတဲ့ အချွဲတွေကို တဖြည်းဖြည်း ပါးသွားစေပါတယ်။ ရေနွေးနွေး တစ်ခွက်ထဲမှာ ပန်းသီးရှာလကာ ၂ ဇွန်း၊ ပျားရည် ၁ ဇွန်း ထည့်ထားတဲ့ ဖျော်ရည်ကို တနေ့ကို ၂ ကြိမ်မှ ၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
(၄) ကြက်သွန်ဖြူ
ကြက်သွန်ဖြူကျတော့ အစိမ်းလိုက် ကိုက်စားတဲ့အခါ စူးရှပြင်းထန်တဲ့ အနံ့နဲ့ စပ်ရှားရှား အရသာကြောင့် အဆင်မပြေသူအတွက်ကတော့ ရေနွေးဆူဆူ တခွက်စာထဲ ကြက်သွန်ဖြူ ၃ တက်လောက် ထုထည့်ပြီး ကြက်သွန်ဖြူဟင်းရည် လုပ်သောက်တာပါ။ အဲဒီထဲကို နံနွင်းမှုန့် ဇွန်းတ၀က်လောက် ထည့်လို့ရပါတယ်။ အဲဒီအရည်လေးကို မှန်မှန် သောက်ပေးသွားရင် နှာစေး နှာပိတ် အမြန်သက်သာသွားမှာတဲ့။ ဒီ့အတွက် ကျနော့်ဖြေရှင်းကတော့ နှာစေးနှာပိတ်ရင် အသုပ်စုံ ချဉ်ငံပူစပ် တပွဲနဲ့ ကြက်သွန်ဖြူ ငြုပ်ကောင်း များများပါတဲ့ ဟင်းရည်လေးကို သောက်လိုက်တာပါပဲ ခင်ဗျာ။
(၅) Herbal Tea
ဆေးဖက်ဝင် လ္ဘက်ခြောက်ကို သောက်ပေးတာကလဲ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး နှာပိတ်နေတာတွေကို ပါးသွား သက်သာစေပါတယ်။ ၂ မျိုးတောင် အသုံးဝင်တာပေါ့လေ။
(၆) ရေနွေးငွေ့ ရှူပေးခြင်း
ရေနွေးငွေ့တွေကို တချို့က ပါးစပ်နဲ့အသက်ရှုသွင်းပြီး နှာခေါင်းကနေ အသက် ပြန်ရှူထုတ်တတ်ပါတယ်။ အဲဒီအခါ ရေနွေးငွေ့တွေက အဆုတ်ထဲကို ဖြတ်သန်းသွားပြီး နှာခေါင်းပေါက်ထဲက အသက်ရှုလမ်းကြောင်းမှာ ပိတ်ဆို့နေတဲ့ အချွဲတွေကို ပါးသွားစေပြီး နှာပိတ်တာ သက်သာသွားစေပါတယ်။ ဒါပေမယ့် ရေနွေးငွေ့တိုင်း မရှူရပါဘူး။ ရေနွေးဆူဆူထဲကို ajwain လို့ ခေါ်တဲ့ carom seed ကို ကြိတ်ချေထားတဲ့ အမှုန့်ကို ထည့်ပြီးမှ အဲဒီအငွေ့ကို ရှူရတာ ဖြစ်ပါတယ်။
နှာစေး နှာပိတ်ပျောက်လို့ အသက်ရှု လွယ်ကူ ပွင့်လန်းကြပါစေဗျာ။
စောနွဲ့နေဆိုင် (ပူတာအို)
ကျန်းမာရေးသတင်းများ

0 comments:

Post a Comment

နောက်ထပ်လင့်များ

wach movie

US Link

အနုပညာရှင်များ

မြန်မာ့ရုပ်မြင်သံကြား

SKY Net-TV

အွန်လိုင်း Video ကြည့်ရန်

Shwe Videos Burmese Classic

Font Converter

Font Converter

MCA Thailand Live

Watch live streaming video from mcathailand_live at livestream.com

Online Dictionary

Image Hosted by ImageShack.us Image Hosted by ImageShack.us

Color Code လွယ်ကူစွာရယူရန်

HTML COLOUR CODE လွယ်ကူစွာရှာရန်

အရောင်ရဲ့Code ယူရန် :